လီဗာပူးအသင်းမန်နေဂျာသည်ဂျာဂျင်ကလော့သည် ကော်တင်ညိုကိုလီဗာပူးအသင်းတွင်ဆက်လက်ထိန်းသိမ်းထားရန်ဆုံးဖြတ်ထားခဲ့ပြီး....

စပိန်ကလပ် ဘာစီလိုနာအသင်းသည်လီဗာပူးကွင်းလယ်ကစားသမား ကော်တင်ညိုကို အမိအရခေါ်ယူနိုင်လိမ့်မည်ဟု ယုံကြည်နေကြောင်းဗြိတိန်သတင်းစာတစ်စောင်ကထုတ်ဖော်ရေးသားထားသည်။ကာတာလန်ကလပ်ဘာစီလိုနာအသင်းသည် ယခုသီတင်းပတ်အတွင်း ဘရာဇီးကွင်းဘယ်ကစားသမား ကော်တင်ညိုကိုပြောင်းရွှေ့ကြေးပေါင် သန်း၉၀ဖြင့်ခေါ်ယူနိုင်လိမ့်မည်ဟုယုံကြည်ကြောင်းပြောဆိုခဲ့ပါသည်။

လီဗာပူးအသင်းမန်နေဂျာသည်ဂျာဂျင်ကလော့သည် ကော်တင်ညိုကိုလီဗာပူးအသင်းတွင်ဆက်လက်ထိန်းသိမ်းထားရန်ဆုံးဖြတ်ထားခဲ့ပြီးဘာစီလိုနာအသင်း၏ပြောင်းရွှေ့ကြေးပေါင် ၇၂သန်းဖြင့် ကနေဦးကမ်းလှမ်းမှုပြုလုပ်ခြင်းကိုငြင်းဆန်ထားခဲ့ခြင်းဖြစ်သည်။

သို့သော်လည်းဘာစီလိုနာအသင်း၏တိုက်စစ်ကစားသမားနေမာကို ပီအက်စ်ဂျီအသင်းသို့ပေါင် ၁၉၈သန်းဖြင့်ရောင်းချခဲ့သည့်အတွက်ပိုမိုများပြားသည့်ပြောင်းရွှေ့ကြေးတစ်ခုဖြင့်ကော်တင်ညိုကိုခေါ်ယူကာ ၅နှစ်သက်တမ်းစာချုပ်ချုပ်ဆိုသွားရန် ကမ်းလှမ်းမျော်လင့်လျက်ရှိနေပါသည်။

ကော်တင်ညို၏အပြောင်းအရွှေ့ဖြစ်ပေါ်လာပါကဘောလုံးသမိုင်းတစ်လျှောက်ဒုတိယမြောက်ပြောင်းရွှေ့ကြေးအမြင့်ဆုံး  အပြောင်းအရွှေ့တစ်ခုဖြစ်လာနိုင်ဖွယ်ရှိသည်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations