တိုက်စစ်မှုးပီရက်ဇ်သည်ဒီပို့တီဗို့အသင်းသို့ ပေါင် ၁၀.၉သန်းဝန်းကျင်ဖြင့် ပြန်လည်ပြောင်းရွှေ့ရန်ရှိနေပြီး...

အာဆင်နယ်အသင်းတိုက်စစ်မှုးလူးကပ်စ်ပီးရက်ဇ်သည် ဒီပို့တီဗိုအသင်းသို့ ပြန်ရန်အလွန်နီးစပ်နေပြီဖြစ်သည်။အသက် ၂၈နှစ်အရွယ်ရှိအာဆင်နယ်တိုက်စစ်မှုး လူးကပ်ဟ်ပီးရက်ဇ်သည် ပြီးခဲ့သည့်နွေရာသီက အာဆင်နယ်အသင်းသို့ ပေါင်၁၂.၇သန်းဖြင့်ရောက်ရှိလာခဲ့သော်လည်း အသင်းတွင် ပါဝင်ကစားခွင့်ရရန် ကြိုးစားရုန်းကန်နေရသူတစ်ဦးဖြစ်ခဲ့သည်။

တိုက်စစ်မှုးပီးရက်ဇ်သည် အာဆင်နယ်အသင်းသို့မပြောင်းရွှေ့ခင်က ဒီပို့တီဗို အသင်းတွင် ၃၆ပွဲကစားကာ၁၇ဂိုးသွင်းပေးနိုင်သူတစ်ဦးဖြစ်သည်။ တိုက်စစ်မှုးပီရက်ဇ်သည် ပြီးခဲ့သည့်ရာသီက အာဆင်နယ်အသင်းတွင်၁၀ပွဲပါဝင်ကစားခဲ့ပြီး ၁ဂိုးသားသွင်းယူပေးနိုင်ခဲ့သည်။

ထို့ကြောင့်တိုက်စစ်မှုးပီရက်ဇ်သည်ဒီပို့တီဗို့အသင်းသို့ ပေါင် ၁၀.၉သန်းဝန်းကျင်ဖြင့် ပြန်လည်ပြောင်းရွှေ့ရန်ရှိနေပြီဖြစ်သည်။လက်ရှိအချိန်ထိ နှစ်သင်းလုံး ပီရက်ဇ်ပြောင်းရွှေ့မှုနှင့်ပက်သက်ပြီး သဘောတူညီရရှိထားခြင်းမရှိသော်လည်း၎င်း၏ အေးဂျင့်ဖြစ်သူ ရိုဗီလာက ဒီပို့တီဗိုအသင်းအနေဖြင့် ကမ်းလှမ်းထားနေပြီဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့သည်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations