ရီးရဲလ်မက်ဒရစ်ဗဟိုခံစစ်မှုး ဆာဂျီယိုရာမို့စ်သည် ဘာစီလိုနာလိုနာကို အနိုင်ရရှိခဲ့သည့် စပိန်စူပါဖလားပွဲစဉ်တွင်ကစားဖော် စီရော်နယ်ဒိုအနေဖြင့် ဟန်ဆောင်လှဲချခြင်းအတွက် ဒုတိယမြောက်အ၀ါကဒ်ပြခံရပြီးနောက်....

ရီးရဲလ်မက်ဒရစ်ဗဟိုခံစစ်မှုး ဆာဂျီယိုရာမို့စ်သည် ဘာစီလိုနာလိုနာကို အနိုင်ရရှိခဲ့သည့် စပိန်စူပါဖလားပွဲစဉ်တွင်ကစားဖော် စီရော်နယ်ဒိုအနေဖြင့် ဟန်ဆောင်လှဲချခြင်းအတွက် ဒုတိယမြောက်အ၀ါကဒ်ပြခံရပြီးနောက်စီရော်နယ်ဒိုအတွက်ကာကွယ်ပြောဆိုလိုလိုက်သည်။

ရီးရဲလ်အသင်းကပ္ပတိန်ရာမို့စ်က ဘာစီလိုအသင်းကို ၃-၁ဂိုးဖြင့်အနိုင်ရရှိခဲ့သည့် အဆို စပိန်စူပါဖလား ပထမအကြော့ပွဲစဉ်တွင်ဟန်ဆောင်လှဲချခြင်းအတွက် စီရော်နယ်ဒိုကိုထုတ်ပယ်ခဲ့ခြင်းမှာ မှားယွင်းကြောင်းပြောဆိုလိုက်သည်။

ရော်နယ်ဒိုသည်အဆိုပါပွဲတွင်ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူခဲ့ပြီးနောက် ဂျာစီအကျီချွတ်ကာ အောင်ပွဲခံခဲ့ခြင်းကြောင့်အ၀ါကဒ်ပြသခံရပြီး နောက်မိနစ်အနည်းငယ်အတွင်းမှာ ဘာစီလိုနာအသင်းခံစစ်သမား အမ်တီတီနှင့်ဘောလုံးလုစဉ်မြေပြင်ပေါ်သို့လှဲချပြီးနောက်ဒုတိယမြောက်အ၀ါကဒ်ပြသခံရခြင်းဖြစ်သည်။

အသက်၃၂အရွယ်ရှိစီရော်နယ်ဒိုသည်အနီကဒ်ပြသခံရပြီး  ကွင်းမှမထွက်ခွာခင် ကွင်းလယ်ဒိုင်ကိုလက်ဖြင့်တွန်းမှုကြောင့် ပွဲပြစ်ဒဏ်ငါးပွဲပယ်ခံခဲ့ရသည်။

ရော်နယ်ဒိုပာာ”ကျွန်တော်နဲ့အဝေးနေရာမှာရှိခဲ့တာပါ။ကစားပွဲတစ်ခုအခိုက်တန့်မှာ သူပာာ ဟန်ချက်မထိန်းနိုင်ခဲ့တာဖြစ်တယ်လို့ကျွန်တော်ထင်ပါတယ်။ရော်နယ်ဒိုအနေနဲ့ဘယ်လိုမှဟန်ဆောင်လှဲချခဲ့တာမဟုတ်ဘူးလို့ကျွန်တော်ထင်တယ်။ဒီအတွက် အယူခံဝင်သွားဖို့ဖြစ်လိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ပာာ၁၀မိနစ်လောက်အရေးပါတဲ့ ကစားသမားတစ်ဦးမပါပဲ ကစားခဲ့ရတာကြောင့်ဖြစ်တယ်”ဟုရာမို့စ်ကပြောဆိုခဲ့သည်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations