လီဗာပူးနည်းပြဂျာဝင်ကလော့ကလည်း မည်သည့်အသင်းကိုမှ ကော်တင်ဟိုကို ရောင်းချမည်မဟုတ်ကြောင်းပြောဆိုခဲ့သည်။
ထို့အပြင် မနေ့ကယှဉ်ပြိုင်ခဲ့သောလီဗာပူးနှင့်အာဆင်နယ်ပွဲစဉ်တွင်လည်း မယုံနိုင်လောက်အောင် လီဗာပူးအသင်းက အာဆင်နယ်အသင်းကို၎-၀ဖြင့် ဂိုးပြတ်သွင်းယူနိုင်ခဲ့သည်...

ဘာစီလိုအသင်းကခေါ်ယူရန်ပစ်မှတ်ထားနေသောကွင်းလယ်လူကော်တင်ဟိုသည် လီဗာပူးမှ ထွက်ခွာလိုကြောင်းတရားဝင်တောင်းဆိုမှုပြုလုပ်ခဲ့သည်ဟုသိရသည်။အသက် ၂၅နှစ်အရွယ်ရှိကော်တင်ဟိုကို ဘာစီိလိုနာအသင်းမှ ပေါင်းသန်း ၉၀ဖြင့် ကမ်းလှမ်းခဲ့သော်လည်းလီဗာပူးအသင်းက ငြင်းဆန်ပယ်ချခဲ့သည်။ကော်တင်ဟိုကိုထုတ်ရောင်းမည်မဟုတ်ကြောင်း မည်သည့်ကမ်းလှမ်းမှုမှလက်ခံမည်မဟုတ်ကြောင်း လီဗာပူးအသင်းက ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

လီဗာပူးနည်းပြဂျာဝင်ကလော့ကလည်း “ကျွန်တော်ရဲ့ ရည်းမှန်းချက်က ဖြစ်နိုင်သမျှအကောင်းဆုံးအသင်းကို ပိုင်ဆိုင်ဖို့ပါ။လီဗာပူးအသင်းပာာကစားသမားတွေကိုရောင်းချုပြီးငွေရှာနေတဲ့ အသင်းမဟုတ်ပါဘူး။ အကောင်းဆုံးကစားသမားတွေကိုဆက်လက်ထိန်းသိမ်းထားရင်း အသင်းကိုအကောင်းဆုံးတည်ဆောက်သွားမှာပါဟု ပြောကြားခဲ့သည်။

ထို့အပြင် မနေ့ကယှဉ်ပြိုင်ခဲ့သောလီဗာပူးနှင့်အာဆင်နယ်ပွဲစဉ်တွင်လည်း မယုံနိုင်လောက်အောင် လီဗာပူးအသင်းက အာဆင်နယ်အသင်းကို၎-၀ဖြင့် ဂိုးပြတ်သွင်းယူနိုင်ခဲ့သည်။ ၄င်းဂိုးများကို ဖာမီနို၊ဆာဒီရို မိန်း၊ မိုပာာမက်ဆလာနှင့် စတားရစ်တို့ အသီးသီးသွင်းယူပေးနိုင်ခဲ့ပါသည်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations