ဘာကာဖန်တွေ ဘယ်လိုသဘောရလဲ?

ပရီးမီးယားလိဂ်ကလပ်မန်စီးတီးအသင်းသည် ဘာစီလိုနာတိုက်စစ်မှုးကစားသမား လီယွန်နယ်မက်ဆီကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးကိုချိုးဖျက်ကာစာချုပ်ပါလျော်ကြေး ပေါင်၂၇၅သန်းဖြင့်ခေါ်ယူသွားရန်အဆင်သင့်ဖြစ်နေကြောင်း ပြင်သစ်မီဒီယာများကထုတ်ဖော်ရေးသားလိုက်သည်။ဘရာဇီးကစားသမားနေမာသည် လက်ရှိအချိန်တွင် ဘာစီလိုနာမှ ပီအက်စ်ဂျီအသင်းသို့ ပေါင်၁၉၈သန်းဖြင့်ထွက်ခွာခဲ့ချိန်တွင်ကမ္ဘာ့ဈေးအမြင့်ဆုံး ကစားသမားဖြစ်လာခဲ့သည်။

ဘာစီလိုနာအသင်းသည်နေမာကို ပီအက်စ်ဂျီအသင်းသို့လက်လွှတ်ခဲ့ရပြီးနောက် အသင်းကိုပြန်လည်တည်ဆော်သွားရန် ပြင်ဆင်နေပြီးအစောပိုင်းတွင် ဘရာဇီးကစားမားပေါ်လင်ညိုကို အစားထိုးခေါ်ယူနိုင်ခဲ့သည်။ဘာစီလိုနာအသင်းသည်ပြီးခဲ့သည့်ရာသီတွင်  ချန်ပီယံဆုဖလားနှင့် စပိန်လာလီဂါဆုဖလားဆွတ်ခူးနိုင်ခဲ့သည့်အဓိကပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းနှင့် တန်းတူ ယှဉ်ပြိုင်သွားနိုင်ရန် မျော်လင့်လျက်ရှိသည်။

Yahoo sport france၏ဖော်ပြချက်အရ ယခုနှစ်နွေရာသီပြောင်းရွှေ့ကာလအတွင်း မန်စီးတီးအသင်းအနေဖြင့်မက်ဆီကိုခေါ်ယူသွားရန်ကြိုးပမ်းနေပြီး ဘာစီလိုနာအတွက် စိတ်ပျက်စရာနွေရာသီကစားသမားအပြောင်းအရွှေ့ဖြစ်လိမ့်မည်ဟုဆိုသည်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations