လက်ရှိစံချိန်တင်ထားတဲ့ ဂန္တ၀င်ကစားသမားအလန်ရှီးယား ကို ရွန်နေးကျော်နိုင်မလား?....

အဲဗာတန်တိုက်စစ်မှုးရွန်နေးသည် မန်စီးတီးအသင်းနှင့်ကစားခဲ့သည့် ပွဲတွင် အသင်းအတွက်၁ဂိုးသွင်းယူပေးခဲ့ပြီးနောက်ပရီးမီးယားလိဂ်သမိုင်းတွင်ဂိုး၂၀၀ပြည့်သွင်းယူနိုင်သည့်ဒုတိယကစားသမားအဖြစ်မှတ်တမ်းဝင်သွားခဲ့သည်။

အသက်၃၁နှစ်အရွယ်ရှိတိုက်စစ်မှုးရွန်နေးသည် မန်စီးတီးအသင်းနှင့်ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် ပထမပိုင်း၃၅မိနစ်တွင်အသင်းအတွက်အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့သူလည်းဖြစ်သည်။

ထို့ကြောင့်တိုက်စစ်မှုးရွန်နေးသည်နယူးကာဆယ် ဂန္တ၀င်ကစားသမား အလန်ရှီးယားပြိးနောက် ပရီးမီးယားလိင်္ဂသမိုင်းတွင် ဂိုးသွင်းအများဆုံးကစားသမားတစ်ဦးဖြစ်လာခဲ့သည်။လက်ရှိအချိန်တွင် ဘီဘီစီ၏ဘောလုံးရေးရာတွင် ကျွမ်းကျင်သူအဖြစ်တာဝန်ထမ်းဆောင်နေသူ အလန်ရှီးယားသည်ပရီးမီးယားလိဂ်တွင် ၄၄၁ပွဲပါဝင်ကစားကာ ဂိုး၂၆၀သွင်းယူပေးထားနိုင်ခဲ့သူလည်းဖြစ်သည်။

တိုက်စစ်မှုးရွန်နေးသည်ဂိုး၂၀၀ပြည့်သွင်းယူခဲ့ပြီးနောက် အလန်ရှီးယားကလည်း ဂုဏ်ယူဝမ်းမြောက်မိကြောင်း သူ၏တွစ်တာတွင်စာရေးသားချီးကျူးခဲ့ပါတယ်။ ရွန်နေးသည်အိုးလ်ထရက်ဖိုဒ်တွင်ကစားနေခဲ့သညှ်ု ၁၃နှစ်ကြာကာလအတွင်းတွင်အသင်းနှင့်အတူဆုဖလား၁၂လုံးရယူထားနိုင်ခဲ့သူဖြစ်သည်..

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations