အာဆင်နယ်အသင်းသည် နောက်ဆုံးကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင်လီဗာပူးအသင်းကို ၄-၀ဖြင့်ရှုံးနိမ့်ခဲ့ပြီး...

အာဆင်နယ်ကစားသမားပောာင်းပက်ထရစ်ဗီယာရာက အာဆင်နယ်အသင်းအနေဖြင့် ယခုနှစ်ရာသီအစပိုင်းတွင် အခြေအနေဆိုးရွားနေပြီးနောက်ရုပ်ပိုင်းဆိုင်ရာတိုးတတ်မှုများရှိစေရန်အတွက် မန်ယူအသင်းမန်နေဂျာ မော်ရင်ညို၏ နည်းစနစ်များအတိုင်းသုံးသင့်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

အာဆင်နယ်အသင်းသည် နောက်ဆုံးကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင်လီဗာပူးအသင်းကို ၄-၀ဖြင့်ရှုံးနိမ့်ခဲ့ပြီး အစောပိုင်းပရီးမီးယားလိဂ်ပွဲစဉ် (၂)တွင်လည်းစတုတ်အသင်းကို ၁-၀ဖြင့်ရှုံးနိမ့်ခဲ့ထားခြင်းဖြစ်သည်။

ထို့အပြင် အာဆင်နယ်အသင်းသည်ယခုနှစ်ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ဖြစ်သည့် လက်စတာအသင်းကိုအနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင်လည်းပေးဂိုး၃ဂိုးထိပေးခဲ့ရပြီး ၄-၃ဂိုးဖြင့်နိုင်ခဲ့ခြင်းဖြစ်သည်။ထို့ကြောင့်မေဂျာလိဂ်ကလပ်နယူးယောခ့်စီးတီးနည်းပြအဖြစ်တာဝန်ယူနေသည့် အာဆင်နယ်အသင်းမန်နေဂျာ အာဆင်ဝင်းဂါးအနေဖြင့်စည်းကမ်းပိုမိုတင်းကြပ်ရေးကိုအကောင်တည်ဖော်ရန်လိုအပ်နေသည်ဟု ယုံကြည်ကြောင်းပြောဆိုသွားခဲ့သည်။

 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations