စပိန်ကလပ်ဘာစီလိုနာအသင်း၏အဓိကကစားမားဖြစ်ကြသည့် အင်နီယေစတာနှင့်မက်ဆီတို့သည် မကြာမှီအသင်းမှ ထွက်ခွာမည်ဖြစ်သည့်သတင်းမှာမှန်ကန်သည်မဟုတ်ကြောင်း ဘာစီလိုနာအသင်းဒါရိုက်တာကပြောကြားခဲ့ပါသည်။

စပိန်ကလပ်ဘာစီလိုနာအသင်း၏အဓိကကစားမားဖြစ်ကြသည့် အင်နီယေစတာနှင့်မက်ဆီတို့သည် မကြာမှီအသင်းမှ ထွက်ခွာမည်ဖြစ်သည့်သတင်းမှာမှန်ကန်သည်မဟုတ်ကြောင်း ဘာစီလိုနာအသင်းဒါရိုက်တာကပြောကြားခဲ့ပါတယ်။ ဘာစီလိုနာတွင် ကာလရှည်ကစားနေခဲ့သည့်ကွင်းလယ်ကစားသမား အင်နီယေစတာသည် လက်ရှိတွင်အသင်းပြောင်းရွှေ့ရန်ဆွေးနွေးမှုများပြုလုပ်နေပြီးဂျူပင်တပ်အသင်းက ခေါ်ယူသွားရန်စောင့်ကြည့်နေကြောင်းသတင်းများထွက်ပေါ်ခဲ့သည်။

သို့သော် ဘာစီလိုနာအသင်းအနေဖြင့်အင်နီယေစတာတို့မှာလက်ရှိတွင် အပြောင်းအရွှေ့ကိစ္စအတွက်စဉ်စားနေခြင်းမရှိဟုဆိုခဲ့သည်။ထို့အပြင်ဘာစီလိုနာတိုက်စစ်ကစားသမား မက်ဆီသည်လည်း အသင်းမှထွက်ခွာဖွယ်ရှိနေကြောင်းသတင်းများထွက်ပေါ်နေခြင်းကိုလည်းဘာစီလိုနာ အသင်းဒါရိုက်တာ ဘာရီဒိုဘာရာဒီက ငြင်းဆိုမှုများပြုလုပ်ခဲ့သည်။

“အင်နီယေစတာက ဂျူပင်တပ်ကိုပြောင်းရွှေ့မှာလားဆို၊ရင်တော့မဟုတ်ပါဘူး။ဘာစီလိုနာရဲ့ ကစားသမားတွေပာာ ဈေးကွက်အတွင်းမှာမရှိပါဘူး။အင်နီယေစတာပာာကျွန်တော်တို့နဲ့အတူဆက်ရှိသွားမှာဖြစ်ပါတယ်။မက်ဆီပာာလည်းအသင်းကထွက်ဖို့ဆွေးနွေးနေတာလားဆိုရင်တော့ကျွန်တော့်အနေနဲ့ အဲ့လိုမထင်ပါဘူး။ဘောလုံးလောကအတွင်းမှာ အရာရာပာာဖြစ်နိုင်ပေမဲ့လည်းအက်ဆီပာာအလွန်တော်တဲ့ ပေ၊ရ်ာဖက်ရှင်နယ်ကစားသမားတစ်ဦးဖြစ်ပြီး ဘာစီလိုနာပာာ သူရဲ့နှလုံးသားထဲမှာရိဗနပါတယ်။သူအသင်းကထွက်လိမ့်မယ်လို့မထင်ပါဘူး”ဟုဘရာဒီကပြောကြားခဲ့သည်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations