လီဗာပူးအသင်းကပ္ပတိန်ဟန်ဒါဆန်က မန်နေဂျာ ဂျာဂျင်ကလော့သည် အသစ်ခေါ်ယူထားခဲ့သည့် ကွင်းလယ်ကစားသမား ချိန်ဘာလိန်ကိုတိုးတက်မှုရရှိအောင် ကူညီနိုင်လိမ့်မည်ဟုယုံကြည်မိကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
အသက်၂၄နှစ်အရွယ်ရှိချိန်ဘာလိန်သည်အပြောင်းအရွေ့နောက်ဆုံးရက်တွင်အာဆင်နယ်အသင်းမှ လီဗာပူးအသင်းသို့ပေါင်၃၅သန်းဖြင့်ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်သည်။
ချိန်ဘာလိန်ကိုခေါ်ယူရန်အသင်းတော်တော်များများကစိတ်ဝင်စားလျက်ရိှနေကြသလို အာဆင်နယ်အသင်းမှလည်း စာချုပ်ထပ်မံချုပ်ဆိုရန် ကမ်းလှမ်းမှုများပြုလုပ်ထားခဲ့သော်လည်းလီဗာပူးအသင်းသို့သာပြောင်းရွှေ့ရန်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ဟန်ဒါဆန်ကအသင်း၏၇ယောက်မြောက်ခေါ်ယူထားခဲ့သည့် ချိန်ဘာလိန်သည် မန်နေဂျာ ဂျာဂျင်ကလော့၏လက်အောက်တွင်အကောင်ဆုံးဖြစ်လာမည်ဟုပြောကြားခဲ့သည်။
Facebook Conversations