မနေ့ညက မန်စီးတီးအသင်းပာာ လီဗာပူးအသင်းအား မယုံနိုင်လောက်အောင် ၅-၀ ဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

မနေ့ညက မန်စီးတီးအသင်းပာာ လီဗာပူးအသင်းအား မယုံနိုင်လောက်အောင် ၅-၀ ဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။အနိုင်ရရှိမှုအပေ  မန်စီးတီး မန်နေဂျာဂွာဒီယိုလာက "မန်စီးတီး အ နေနဲ့ လီဗာပူး ကို အနိုင်မကစားနိုင်ခဲ့တာ အချိန်တော်တော်ကြာမြင့်နေခဲ့ပြီဖြစ်ပါတယ်။ ။ ဒါပေမယ့် ဒီညမှာတော့ ကျွန်တော်တို အကောင်းဆုံး လုပ်ပြနိုင်ခဲ့ပါပီ ။ ဒီနိုင်ပွဲဟာ ချန်ပီယံလိဂ် အဖွင့်ပွဲအတွက် အားဆေး တစ်ခွက်ဖြစ်လာမှာပါ”

“ဆယ်ယောက်တည်းနဲ့ ကစားဖို့ဆိုတာမလွယ်ကူပါဘူး ။ ဒါပေမယ့် ကျွန်တော်တို့ဘက်ကလည်း တကယ်ကောင်းအောင်ကစားနိုင်ခဲ့တာပါ ။ ဒုတိယဂိုးဟာ ဒီရလဒ်ဖြစ်လာဖို့အတွက် တွန်းအားပေးလာတဲ့ အားဆေးတစ်ခွက်ဖြစ်ပါတယ်။"

“ပထမပိုင်းပြီးချိန်မှာ ကျွန်တော့လူတွေကို ပြောခဲ့ပါတယ် ။ လီဗာပူး ကစားသမားတွေကို ပြေးလွှားခွင့်မပေးဖို့နဲ့တက်လိုက်ဆင်းလိုက် ပုံစံမျိုးနဲ့ ကျွန်တော်တို့ မကစားဖို့အတွက် ပြောကြားခဲ့ပါတယ်။။ ဒါကြောင့် သူတို့ကို ဂိုးတွေထပ်သွင်းနိုင်ဖို့ အခွင့်အရေးကောင်းတွေကို ရှာဖွေဖို့ မှာခဲ့ပါတယ်”

“အီဒါဆင် ကိစ္စ နဲ့ပတ်သက်လို့ မာနေး ကို အပြစ် မတင် ပါဘူး ။ သူတို့ ၂ ယောက်စလုံး တစ်ယောက်ကို တစ် ယောက်မြင် ပုံမရခဲ့ပါဘူး ။ အီဒါဆင် နောက် ပွဲ ပါချင် မှပါနိုင် မှာပါ။ဒါပေမယ့် အီဒါဆင် အရိုးကျိုးတာမျိုး မရှိသွားပါဘူး ။ ဒါတော်ပါသေးတယ် ။ 

“ကျွန်တော်တို့ ဖိကစားတဲ့အချိန်မျိုးမှာ ဂိုးသမားရဲ့ ဧရိယာပာာ  ကိုက် ၆၀ လောက်ထိကျယ်သွားတက်ပါတယ် ။ အီဒါဆင် ဒီလို ရဲရဲရင့်ရင့် ထွက် ကစားတာ ပထမဆုံးမဟုတ်တော့ပါဘူး”

“ကီဗင်က တော့ တကယ်ကိုပြီးပြည့်စုံ တဲ့ ကစားသမားပါ ။ သူ့လို ကစားသမားမျိုး ကျွန်တော်တို့ နဲ့ အတူ ရှိနေတာ တကယ်ကို ကံကောင်းလှပါတယ် ။ သူ့ရဲ့ ညကပုံစံတွေအတွက် ကျွန်တော် တကယ် ကို အားရကျေနပ်မိပါတယ်”

“ဒီညပွဲအတွက် ကျွန်တော့နောက်ခံအစွန်လူတွေကိုလည်း အသိအမှတ်ပြုရမှာပါ ။ သူတို့တွေဟာ အတက် အဆင်းတောက်လျောက်လုပ်ပေးခဲ့ပြီး ဖြတ်တင်မှုတွေ အများအပြားလုပ်နိုင်ခဲ့ပါတယ် ။ ဒါတွေက ပြိုင်ဘက် အသင်းအတွက် အထိနာစေခဲ့တာပါ”ဟု ၀မ်းမြောက်စွာပြောကြားခဲ့ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations