မန်ယူအသင်းအနေဖြင့်ရက်ရှ်ဖို့ဒ်ကိုအသင်းအတွက်ဆက်လက်ထိန်းထားနိုင်လိမ့်မည်ဟုမျော်လင့်ထားသော်လည်းဘာစီလိုနာအသင်းကငွေကြေးအလွန်အမင်းသုံးကာခေါ်ယူပါက ရရှိနိုင်လိမ့်မည်ဟုယုံကြည်မှုရှိနေသည်။

ဘာစီလိုနာအသင်းသည်လာမည့်နှစ်နွေရာသီဈေးကွက်တွင်မန်ယူအသင်းတိုက်စစ်မှုးရက်ရှ်ဖို့ဒ်ကို ပြောင်းရွှေ့ကြေး အမြောက်အများသုံးကာ ခေါ်ယူသွားရန်ပြင်ဆင်နေကြောင်းသတင်းများထွက်ပေါ်နေသည်။

ဘာစီလိုနာအသင်းသသည်အသင်းမှထွက်ခွာသွားခဲ့သည့် တိုက်စစ်မှူးနေမာ၏နေရာတွင် ဒေါ့မွန်အသင်း လူငယ်တိုက်စစ်မှုးဒမ်ဘီလီကိုအစားထိုးခေါ်ယူထားခဲ့သော်လည်း လာမည့်နှစ်တွင် အသင်း၏တိုက်စစ်အင်အားကိုထပ်မံမြင့်တင်ရန်အတွက်ရက်ရှ်ဖို့ဒ်ကို ခေါ်ယူရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ထိုပြင်ဘာစီလိုနာအသင်း၏တိုက်စစ်မှူးဆွာရက်ဇ်၏နေရာတွင်အနာဂတ်အစီအစဉ်အနေဖြင့် အစားထိုးနိုင်မည့်ကစားသမားအဖြစ်ရက်ရှ်ဖို့ဒ်ကိုရွေးချယ်ထားခြင်းဖြစ်သည်ဟုဆိုသည်။

မန်ယူအသင်းအနေဖြင့်ရက်ရှ်ဖို့ဒ်ကိုအသင်းအတွက်ဆက်လက်ထိန်းထားနိုင်လိမ့်မည်ဟုမျော်လင့်ထားသော်လည်းဘာစီလိုနာအသင်းကငွေကြေးအလွန်အမင်းသုံးကာခေါ်ယူပါက ရရှိနိုင်လိမ့်မည်ဟုယုံကြည်မှုရှိနေသည်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations