အစတော့ အခြေအနေကောင်းနေတယ်လို့ဆိုရမှာဖြစ်ပါတယ်..

ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်တွင် ချဲလ်ဆီးအသင်းက ကာရာဘတ်ခ်ျအသင်းကို ၆-၀ဂိုးဖြင့်အပြတ်အသတ်အနိုင်ရခဲ့ပါသည်။

ထိုအနိုင်ရမှုအပေါ်ချဲလ်ဆီးနည်းပြက“ဒီည မှာ ကောင်းကွက် တွေ အများကြီး ကျွန်တော်မြင်တွေ့ခဲ့ရပါတယ် ။ ချန်ပီယံလဂ် ကို အကောင်းဆုံး နည်း နဲ့ ဖွင့်လှစ်နိုင်ခဲ့ပါပီ ။ နိုင်လိုစိတ် ၊ အာရုံစူးစိုက်မှု ၊ အစကနေအဆုံးအထိ အားထုတ်မှု ၊ ပုံစံကောင်းတွေကို ကျွန်တော့ ကစားသမားတွေဆီမှာ မြင်တွေ့ခဲ့ရပါတယ် ။ အသင်းအတွက်တော့ အကျိုးရှိစရာတွေ အများကြီးရ ခဲ့တာပါပဲ”

“ဇက်ပါ ကော်စတာ ကစားသွားတာ တကယ်ကောင်းပါတယ် ။ ဒီညက သူ့အတွက် ပွဲကောင်းတစ်ပွဲပါပဲ ။ ဒါပေမယ့် သူ့အနေနဲ့ တိုးတက်လာဖို့ အခုထက် ပိုကြိုးစားဖို့ လိုအပ်ပါတယ် ။ နောက်ပြီးတော့ သူ့ရဲ့ ဂိုးက ဖြတ်တင် ဖို့ ကြိုးစားခဲ့တာလို့လည်း ကျွန်တော့ကို ပြောခဲ့ပါသေးတယ်”

“ဘာကာယိုကို လည်း အသင်းအတွက် ပထမဆုံးဂိုးသွင်းနိုင်လို့ ၀မ်းသာမိပါတယ်။ဟာဇက် ဟာ အာဆင် နယ် နဲ့ ပွဲမှာ စတင် ဖို့ လုံလောက်တဲ့ အနေအထားကိုရောက်နေပါပီ ။ စိတ်ရှည် သည်းခံနိုင်မှုဟာ တကယ်ကို အရေးကြီးတဲ့အရာပါ”

ချယ်လ်ဆီးအတွက် ဂိုးသွင်းယူပေးခဲ့ကြသူများ - ပီဒရို(၅ မိနစ်)၊ ဇတ်ပါကော်စတာ(၃၀ မိနစ်)၊ အက်ဇ်ပီလီကူအီတာ(၅၅ မိနစ်)၊ ဘာကာယိုကို(၇၁ မိနစ်)၊ ဘတ်ရွှာယီ(၇၆ မိနစ်)၊ မက်ဒ်ဗီဒက်ဗ်(၈၂ မိနစ်၊ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိ)ဖြင့်အသီသီးဂိုးသွင်းယူပေးခဲ့ကြပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations