ဘယ်ဂျီယံအသင်းနည်းပြမာတီးနက်ဇ်က ပာာဇက်သည်အသင်းတွင် မိနစ်အနည်းငယ်ပါဝင်ကစားနိုင်ရန်ဖြစ်နိုင်ကြောင်းထုတ်ဖော်ပြောဆိုလိုက်သည်။
ပာာဇက်သည်ပြီးခဲ့သည့်ဇွန်လကတည်းကဘယ်ဂျီယံအသင်းအတွက် ကစားခဲ့သည့်ပွဲတွင် ဒဏ်ရာရရှိခဲ့ကာ လက်ရှိအချိန်အထိ ချဲလ်ဆီးအသင်းတွင်ပါဝင်ကစားခွင့်မရရှိသေးသည့်ကစားသမားတစ်ဦးဖြစ်သည်။
မကြာသေးခင်ကပင်ချဲလ်ဆီးအသင်းမန်နေဂျာကွန်တီက ကစားရန်အဆင်သင့်မဖြစ်သေးသည့် ပာာဇက်ကို နိုင်ငံလက်ရွေးစင်အသင်းတွင် ခေါ်ယူထားခဲ့သည့်အတွက်အံသြကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့သေးသည်။
ဘယ်ဂျီယံနည်းပြမာတီးနက်ဇ်က”ပာာဇက်ရဲ့ဒဏ်ရာအခြေအနေနဲ့ပက်သက်တဲ့သတင်းစကားတွေကို နေ့တိုင်းကြာနေရပါတယ်။ပာာဇက်ပာာချဲလ်ဆီးလူငယ်အသင်းမှာ ပါဝင်ကစားခဲ့ပြီးသူပာာနိုင်ငံလက်ရွေးစင်အသင်းမှာ ပါဝင်ကစားဖို့အဆင်သင့်ဖြစ်နေတယ်ဆိုတာကိုလည်းပြသခဲ့ပါတယ်။ဒါကြောင့်ဂျီဘရောဒါနဲ့ပွဲမှာ သူပါဝင်ကစားမလားလို့မေးရင်တော့သူပါဝင်ကစားနိုင်ဖို့ဖြစ်နိုင်ခြေများတယ်လို့ပြောရမှာပါ”ဟုပြောဆိုခဲ့သည်။
ပာာဇက်သည်ချဲလ်ဆီးအသင်းနဲ့အတူ ၄၃ပွဲပါဝင်ကစားကာ ၂၇ဂိုးသွင်းယူထားပေးသူဖြစ်သည်။
Facebook Conversations