အာဆင်နယ်အသင်းပာာ ချဲလ်ဆီးကိုအိမ်​ကွင်းစတန်းဖို့ဘရစ်​ခ်ျ​မှာဂိုးမပေးနိုင်အောင် ပထမဆုံးစွမ်းဆောင်နိုင်ခဲ့တဲ့အသင်းဖြစ်လာပါတယ်။

မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့အာဆင်နယ်အသင်းပရီးမီးယားလိဂ်ပြိုင်ပွဲမှာဂိုးမရှိသရေအဖြစ်နဲ့သာ ပြီးဆုံးသွားခဲ့ရပါတယ်။အာဆင်​နယ်​အသင်းဟာနည်းပြအန်​တိုနီယိုကွန်​တီရဲ့လက်​​အောက်​မှာပရီးမီးယားလိဂ်​ချန်​ပီယံအသင်း ချဲလ်ဆီးကိုအိမ်​ကွင်းစတန်းဖို့ဘရစ်​ခ်ျ​မှာဂိုးမပေးနိုင်အောင် ပထမဆုံးစွမ်းဆောင်နိုင်ခဲ့တဲ့အသင်းဖြစ်လာပါတယ်။

အာဆင်​နယ်​ကိုဂိုးမသွင်းယူနိုင်​ခဲ့တဲ့ချဲလ်​ဆီးဟာပြီးခဲ့တဲ့ရာသီကအသင်းကိုစတင်​ကိုင်​တွယ်​ခဲ့တဲ့နည်းပြကွန်​တီရဲ့လက်​​အောင်​အိမ်​ကွင်း၂၇ပွဲမှာပထမဦးဆုံးအကြိမ်​ဂိုးမရှိခဲ့တာပဲဖြစ်​ပါတယ်​။

အာဆင်​နယ်ဟာစတန်းဖို့ဘရစ်​ခ်ျ​မှာခံစစ်​ပိုင်းမှတ်တမ်း​​​​ကောင်းမွန်​မှုမရှိခဲ့ဘဲယခုပွဲမတိုင်​မီ ပြီးခဲ့တဲ့ ၁၂ပွဲမှာပွဲတိုင်းဂိုး​ပေးခဲ့ရပြီး ​နောက်​ဆုံး၈ပွဲမှာအနည်းဆုံး၂ဂိုး​ပေးခဲ့ရတာဖြစ်​ပါတယ်​။

ချဲလ်ဆီးနဲ့​အာဆင်​နယ်တို့ဟာလွန်​ခဲ့တဲ့၂၀၀၅ခုနှစ်​ဧပြီလ​နောက်​ပိုင်းပထမဦးဆုံးအကြိမ်​ ဂိုးမရှိသ​ရေကျခဲ့တာဖြစ်​ပါတယ်​။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations