မနေ့ကကစားခဲ့တဲ့ အဲဗာတန်နဲ့ပွဲစဉ်မှာ အိုဇေးလ်ရဲ့ခြေစွမ်းပြနိုင်မှုတွေကြောင့်အနိုင်ပြန်ရရှိခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာကြိုးစားရုန်းကန်နေရတဲ့ အာဆင်နယ်အသင်းရဲ့ ရလဒ်ပာာအားရဖွယ်မရှိသေးတာကြောင့် ပရိသတ်တွေရဲ့စိတ်ပျက်မှုကိုခံနေခဲ့ရပါတယ်။သို့သော် မနေ့ကကစားခဲ့တဲ့ အဲဗာတန်နဲ့ပွဲစဉ်မှာ အိုဇေးလ်ရဲ့ခြေစွမ်းပြနိုင်မှုတွေကြောင့်အနိုင်ပြန်ရရှိခဲ့ပါတယ်။ အာဆင်နယ်တိုက်စစ်ကစားပုံကောင်းတာကြောင့် အဲဗာတန်အသင်းပာာဂိုးမပေးရအောင်ခံစစ်ထားပြီးကစားနေခဲ့ရပါတယ်။ 

သို့သော် အာဆင်နယ်ကွင်းလယ်လူ ဂရားနစ်ဂျက်ကာရဲ့ အမှားကြောင့်အဲဗာတန်အသင်းတိုက်စစ်မှု ရွန်းနီပာာ ဦးဆောင်ဂိုးကိုလှလှပပသွင်းယူနိုင်ခဲ့ပါတယ်။ ချေပဂိုးပြန်ရဖို့အတွက်အာဆင်နယ်အသင်းပာာ ဖိကစားရင်း မိနစ်၄၀မှာ ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာအာဆင်နယ်အသင်းပာာ အသာစီးနဲ့ကစားနိုင်ခဲ့ပြီး ၅၃မိနစ်မှာ အိုဇေးလ်ခေါင်းတိုက်သွင်းယူကာအနိုင်ဂိုးရရှိခဲ့ပါတယ်။

နောက်ပိုင်း အဲဗာတန်အသင်းရဲ့ ကွင်းလယ်လူထုတ်ခံရတာကြောင့် ဂိုးထပ်မံရရှိဖို့အတွက်အာဆင်နယ်အသင်းဖိကစားခဲ့ပါတယ်။ ၇၄မိနစ်အချိန်မှာတော့ အိုဇေးလ်အပေးကောင်းခဲ့လို့ လာကာဖက်ကတဆင့်နောက်ထပ်တစ်ဂိုးသွင်းယူနိုင်ခဲ့ပြန်ပါတယ်။ 

ပွဲပြီးခါနီး ၈၉မိနစ်အချိန်ျွှာလည်း ရမ်းဆေးလ်ကတစ်ဂိုးထပ်သွင်းယူနိုင်ခဲ့ပါတယ်။ပွဲပြီးလို့အချိန်ပိုမှာ အဲဗာတန်တစ်လုံးပြန်ချေပသွင်းယူနိုင်ပြီး ၉၅မိနစ်အချိန်မှာ အာဆင်နယ်အသင်းကဆန်းချက်ဇ်ကထပ်မံသွင်းယူနိုင်ခဲ့တာကြောင့် ၅-၂ဂိုးဖြင့် အဆုံးသတ်ခဲ့ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations