မဆင်မခြင်မောင်းနှင်တဲ့ကားသမားကိုတော့ဖမ်းဆီးအရေးယူသွားမှာပါ

အလုပ်တွေအရမ်းများရောင်းကောင်းတဲ့ ဆိုင်တစ်ခုကို အရှိန်မထိန်းနိုင်တဲ့ကားတစ်စီးပာာ ၀င်တိုက်ခဲ့မှုကြောင့်စားသောက်ဆိုင်ရှိလူများစွာဒဏ်ရာရရှိခဲ့ပါတယ်။အဆိုပါ မတော်တဆမှုကြောင့် စားသောက်ဆိုင်ရဲ့အုတ်နံရံပြိုလဲသွားပြီး စားသောက်ဆိုင်ရှိလူ၁၀ယောက်ပာာ အုတ်နံရံနှင့် စားပွဲခုံအောက်များမှာပိတ်မိလျက်ရှိနေခဲ့ပါတယ်။ 

ကားမောင်းသမားပြောကြားချက်အရတော့ ၄င်းပာာအရှိန်မထိန်းနိုင်ပဲဘရိတ်လှမ်းဆွဲလိုက်တဲ့ချိန်မှာ ယခုလိုအဖြစ်မျိုးဖြစ်သွားကြောင်းပြောကြားခဲ့ပါတယ်။cctv ကလည်းထိုအဖြစ်အပျက်မှတ်တမ်းကိုရယူထားပါတယ်။ မတော်တဆဖြစ်ပွားချိန်ပာာ နေ့ခင်းထမင်းစားချိန်ဖြစ်တာကြောင့်လူအများစည်ကားနေပြီး ဒဏ်ရာရှိသူများပြားခဲ့ပါတယ်။

ဆိုင်ထဲက မျက်မြင်သက်သေတစ်ဦးပြောကြားတာကတော့ကားဆိုင်ကိုဝင်ရောက်တိုက်သွားတဲ့အသံပာာ ဗုံးတစ်လုံးပေါက်ကွဲသွားသံနဲ့တူပြီး လူအများထိတ်လန့်ခဲ့ရကြောင်းထိုဖြစ်ရပ်မှာ လူ၁၀ဦးဒဏ်ရာရရှိပြီး ၂ဦးကတော့ ဒဏ်ရာအလွန်ပြင်းထန်တာကြောင့် ဆေးရုံသို့ချက်ချင်းပို့ဆောင်ပေးခဲ့ရပါတယ်။

၎င်းကားတိုက်မှုပာာ အမေရိကန်နိုင်ငံ အပေါ်ပိုင်းMarlboro မြို့မှာဖြစ်ပွားခဲ့ပြီး ကံကောင်းထောက်မစွာနဲ့အသေအပျောက်မရှိခဲ့ပါဘူး။ ကားသမားများ ကားမောင်နှင်တဲ့အခါ သတ်မှတ်ထားတဲ့အရှိန်နဲ့သာမောင်နှင်းသင့်ကြောင်းသို့မဟုတ်ပါက မလိုအပ်တဲ့ မတော်တဆမှုတွေဖြစ်လာနိုင်ကြောင်း ရဲများကသတိပေးပြောကြားခဲ့ပါတယ်။

 အဆိုပါကားသမားကိုတော့ဖမ်းဆီးအရေးယူသွားမှာပါ။

 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations