မန်ယူနဲ့မန်စီးတီးအသင်းတို့ပာာ အမှတ်ပေးဇယားရဲ့အဆင့် ၁နဲ့၂နေရာမှာရပ်တည်နေကြခြင်းဖြစ်ပါတယ်။

မန်ချက်စတာမြို့ခံအသင်း၂သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ မန်ချက်စတာ စီးတီးအသင်းတို့ရဲ့ ပွဲစဉ်ကို ၁၀ရက်နေ့(တနင်္ဂနွေနေ့)မြန်မာစံတော်ချိန်ည၁၁နာရီမှာ ယှဉ်ပြိုင်ကစားသွားခဲ့ကြပါတယ်။ပွဲစဉ်အပြီးမှာတော့အိမ်ကွင်းဖြစ်တဲ့ မန်ယူအသင်းကို ဧည်သည်အသင်းဖြစ်တဲ့ မန်စီးတီးအသင်းက ၂-၁ဖြင့်အနိုင်ရယူခဲ့ပြီးအမှတ်၁၁မှတ်ကွာဟမှုကိုဖြစ်စေခဲ့ပါတယ်။ 

မန်ယူနဲ့မန်စီးတီးအသင်းတို့ပာာ အမှတ်ပေးဇယားရဲ့အဆင့် ၁နဲ့၂နေရာမှာရပ်တည်နေကြခြင်းဖြစ်ပါတယ်။ ပွဲအစ လေးမိနစ်အတွင်းမှာပဲ မန်စီးတီးနောက်ခံလူကိုင်လီဝေါ်ကာပာာ အ၀ါကဒ်ပြသသတိပေးခံခဲ့ရပါတယ်။ပွဲချိန်ကြာလာတာနဲ့အမျှ မန်စီးတီးအသင်းပာာ ဘောလုံးပိုင်ဆိုင်မှုအသာရရှိခဲ့ပြီး မန်ယူအသင်းကို ဖိကစားလာနိုင်ခဲ့ပါတယ်။

ပွဲချိန်၂၂မိနစ်မှာတော့ တိုက်စစ်မှုး ဂျီးဆပ်ပာာ မန်ယူရဲ့ ပင်နယ်တီဧရိယာထဲမှာလဲကျခဲ့ပေမဲ့ ဒိုင်လူကြီးကတော့ ပင်နယ်တီအဖြစ်မပေးခဲ့ပါဖူး။ပွဲချိန် ၄၁ မိနစ်မှာ မန်စီးတီး တောင်ပံ ကစားသမား ဆာနေး လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းခွင့် ရရှိခဲ့ပေ မယ့် ဒီဂီယာ ကာကွယ်နိုင်ခဲ့တာကြောင့် မန်စီးတီးတို့ ဦးဆောင်ဂိုး ရမယ့် အခွင့်အရေးနဲ့ လွဲချော် သွားခဲ့ပါတယ်။မန်စီးတီး ဟာ ဘောလုံးပိုင်ဆိုင်မှု ၇၀% ကျော်အထိ ရခဲ့ပြီး ယူနိုက်တက် ဘက်ကို အကွက်စိပ်စိပ် ထိုးဖောက် ခဲ့ပါတယ်။

ထောင့်ကန်ဘောကတဆင့် လူကာကူနဲ့ ထိကာ ပြန်ကျလာတဲ့ ဘောလုံးကို ကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗား က ယူနိုက်တက် ဂိုးနဲ့ အနီးကပ် အနေအထားကနေ ကန်သွင်းရခဲ့တဲ့ မန်စီးတီးရဲ့ ဦးဆောင်ဂိုးဖြစ်ပါတယ်။ဒါပေမဲ့ အိမ်ရှင် ယူနိုက်တက် တို့ ခြေပဂိုးပြန်လည် ရရှိသွားခဲ့ပါတယ် ။ အဆိုပါ ဂိုးကိုတော့ ယူနိုက်တက် လူငယ် တိုက်စစ်မှုးလေး ရက်ဖိုဒ့် က စီးတီး နောက်ခံလူ ဖေဘီယံဒဲလ့်ဖ် ရဲ့ လွဲချော်မှုကတဆင့် အဆုံးသတ်သွင်းယူ သွားခဲ့တာဖြစ်ပါတယ် ။

ပထမပိုင်းအပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက် နဲ့ မန်ချက်စတာ စီးတီးတို့ တစ်ဖက် ၁ ဂိုးစီနဲ့ သရေကျနေ ခဲ့ကြပါတယ် ။ပွဲချိန် ၅၃ မိနစ်မှာ ရရှိတဲ့ ပြစ်ဒဏ်ဘောကို ကန်တင်ပေးရာမှာ ယူနိုက်တက် တိုက်စစ်မှုး လူကာကူ ရဲ့ ရှင်းထုတ်မှု အသင်းဖော်နဲ့ ပြန်ထိပြီး အော့တာမန်ဒီရဲ့ ရှေ့ကို ကျလာခဲ့ရာမှာ အာဂျင်တီးနား နောက်ခံလူက အမှားအယွင်းမရှိ ကန်သွင်းသွားခဲ့တာဖြစ်ပါတယ် ။ ဒီဂိုးဟာ အော့တာမန်ဒီ အတွက် ယခုရာသီ ပရီးမီးယားလိဂ် ၄ ဂိုးမြောက် သွင်းဂိုးလည်ဖြစ်ခဲ့ပါတယ်။

 မန်စီးတီး တို့ ပရီးမီးယားလိဂ် မှာ ၁၄ ပွဲဆက် အနိုင် ကစားနိုင်ခဲ့တာဖြစ်ပြီး မှတ်တမ်းစံချိန် သစ်အဖြစ်လည်း တင်ရှိနိုင်ခဲ့ပါတယ် ။ ယူနိုက်တက် ရဲ့ အိမ်ကွင်းပွဲ ၄၀ ဆက် ရှုံးပွဲမရှိ စံချိန်ကတော့ ကျိုးပျက်ခဲ့၇ပါတယ် ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations