ဘာလို့ပြန်အန်ထုတ်စေလဲဆိုတော့......

ထိုင်းနိုင်ငံPathum Thani ကအိမ်လေးတစ်ခုမှာ လယ်သမားတစ်ယောက်ပာာ သူရဲ့အင်မတန်တော်တဲ့ တိုက်ကြက်၂ကောင်ပျောက်ဆုံးသွားတာကိုသတိထားမိပြီး ၀မ်းနည်းမဆုံးဖြစ်နေခဲ့ပါတယ်။Nut Wattana ပာာအိပ်ယာကနိုးနိုးချင်းကြက်ခြံကိုသွားကြည့်တဲ့ချိန်မှာ၎င်းရဲ့တိုက်ကြက်နှစ်ကောင်ပျောက်သွားတာကြောင့် စိတ်တိုလျက်ရှိနေပါတယ်။အစပိုင်းမှာ ကြက်သူခိုးတွေရဲ့လက်ချက်လို့ယူဆမိပေမယ့်တကယ်ကတော့ သူရဲ့စိုက်ခင်းအပင်တွေကြားထဲမှာ ကိန်းအောင်းနေတဲ့ ၁၅ပေအရှည်ရှိစပါးကြီးမြွေတစ်ကောင်ပာာ၎င်းရဲ့ကြက်ကို မြိုထားတာကိုသတိထားမိခဲ့တာဖြစ်ပါတယ်။

 

ဒါကိုသိသိချင်းမှာ ၄င်းပာာ မြွေဖမ်းသမားတွေကိုခေါ်ပြီး၎င်းရဲ့ကြက်အသေကိုပြန်ထုတ်ပေးရန်ပြောဆိုခဲ့ပါတယ်။ဗီဒီယိုထဲမှာမြင်တဲ့အတိုင်း မြွေကယ်ဆယ်ရေးသမားတွေပာာမြွေကို ကြမ်းပြင်မှာထားစေပြီး သတ္တုတုတ်ချောင်းတစ်ချောင်းနဲ့ အသာလေးထိုးပြီးချိန်းမှာတော့မြွေပာာတဖြည်းဖြည်းမြိုထားရာမှ စတင်ပြန်အန်ထုတ်နေတာကိုတွေ့ရတာဖြစ်ပါတယ်။

“ကျွန်တော်ရဲ့တိုက်ကြက်နှစ်ကောင်တွန်သံမကြားတာကြောင့်တစ်ခုခုလွဲမှားနေပြီဆိုတာသိရှိပြီး ကြည့်လိုက်တဲ့ချိန်မှာ စပါးကြီးမြွေမြိုထားတာကိုတွေ့ရှိခဲ့ရပါတယ်။ကျွန်တော်ဒီတိုက်ကြက်နှစ်ကောင်ကို ထိုင်ဘတ်ငွေ ၃၀၀၀၀နဲ့ဝယ်ထားတာပါ။ကျွန်တော်ရဲ့အချစ်တော်တိုက်ကြက်ကြီးတွေပေါ့ဗျာ..ကျွန်တော်ပြန်လိုချင်တဲ့အကြောင်းရင်းကတော့သေပြီးသားခန္ဓာကိုယ်ကိုကောင်းကောင်းမြေမြုပ်ပေးချင်လို့ပဲဖြစ်ပါတယ်။ မြွေကိုလည်းကျွန်တော်အပြစ်မတင်ပါဘူး။ဒါကသူရဲ့သဘာဝပဲလေ”ဟုလယ်သမားက မြွေကယ်ဆယ်ရေးလုပ်သားများကိုအကျိုးအကြောင်းရှင်းပြခဲ့ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations