တကယ်ထူးထူးဆန်းဆန်းလူတွေ....

FranciscoDomingo Joaquim ပာာသာမန်လူတွေထက်ထူးခြားမှုတစ်ခုပြုလုပ်နိုင်ပါတယ်။သူရဲ့စွမ်းရည်ကတော့  ကြီးမားတဲ့အရာဝတ္တုတွေကို သူရဲ့ပါးစပ်နဲ့ဆန့်အောင်ထည့်နိုင်ခြင်းပဲဖြစ်ပါတယ်။တခါကဆို ကိုကာကိုလာဘူးကို ပါးစပ်ထဲထည့်ပြခဲ့ပါတယ်။ဒါအပြင်၎င်းပာာ ကမ္ဘာ့ဂင်းနစ်စံချိန်မှာ အကျယ်ဆုံးပါးစပ်ပိုင်ရှင်အဖြစ် စံချိန်တင်ထားနိုင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

2. ရေခဲလူသား

ရေခဲလူသား

ကျွန်တော်တို့ပာာဆောင်းရာသီလေးရောက်ချိန်မှာတောင်အအေးဒဏ်ကိုမခံနိုင်လို့အနွေးထည်ဝတ်ကျပါတယ်။ဒါပေမယ့် Wim Hofဆိုတဲ ဒက်ခ်ျလူမျိုးတစ်ယောက်ကတော့သာမန်အအေးဒဏ်လောက်ဆိုတာ သူ့အတွက် ခြင်ကိုက်သလောက်ထဲရှိပါတယ်။သူပာာ ရေခဲပုံထဲမှာ ၁နာရီ၅၂မိနစ်ကြာအောင် အ၀တ်မပါပဲ နေပြပြီး ဂင်းနစ်စံချိန်တင်သွားခဲ့ပါတယ်။

3. ခါးအသေးဆုံးအမျိုးသမီး

ခါးအသေးဆုံးအမျိုးသမီး

ဂျာမနီနိုင်ငံသူအသက်၂၆နှစ်အရွယ်ရှိတဲ့ Michele Kobke ပာာသေးသွယ်လှပတဲ့ခါးကိုပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပါတယ်။သူမပာာသူမရဲ့ခါးဆိုက်ကို ၂၅လက်မကနေ ၁၆လက်မဖြစ်အောင် ခါးကြပ်ဝတ်စုံကို သုံးနှစ်တိုင်ဝတ်ပြီးနောက်မှာတော့ကမ္ဘာ့အသေးဆုံးခါးပိုင်ရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

4. အရာရာကိုမှတ်မိနိုင်သူအမျိုးသမီး

အရာရာကိုမှတ်မိနိုင်သူအမျိုးသမီး

Jill Priceပာာငယ်ငယ်ကဖြစ်သမျှအကြောင်းအရာအစုံကို တစ်ခုမကျန်မှတ်မိနိုင်တဲ့ မှတ်ဥာဏ်ရှိနေပါတယ်။သူမငယ်စဉ်ဘ၀ကလုပ်ဆောင်ခဲ့တဲ့အရာတွေ စားခဲ့တဲ့အစားအစာတွေ ဘယ်သူနဲ့တွေ့ခဲ့တာတွေ စတဲ့ အသေးစိတ်ဖြစ်စဉ်တွေကိုမှတ်မိနိုင်စွမ်းရှိသူတစ်ယောက်ဖြစ်ပါတယ်။

5. ချိုတစ်ဖက်ပေါက်နေတဲ့အဖွားအို

ချိုတစ်ဖက်ပေါက်နေတဲ့အဖွားအို

၂၀၁၀ခုနှစ်တုန်းကZhang Ruifang ဆိုတဲ့တရုတ်လူမျိုးအဖွားအိုတစ်ဦးမှာ ချိုတစ်ဖက်ထွက်နေခဲ့ပြီး ၄င်းချိုကြောင့်သူမရဲ့မိသားစုအသိုင်းအ၀ိုင်းတွေက ထိတ်လန့်ခဲ့ကြပါတယ်။ထိုအဖွားပာာအသက် ၁၀၁နှစ်ရှိပြီး ၄င်းရဲ့နဖူးပေါ်မှာငရဲသားချိုတွေပမာ တနေ့တခြားကြီးထွားလာခြင်းပဲဖြစ်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations