ဘယ်လိုဖြစ်လို့ ဒီလိုလုပ်ရပ်လုပ်ရလဲ မသိဘူး.....

ဖေဖော်ဝါရီလ၁၄ရက်နေ့ (ချစ်သူများနေ့)တွင် ဖလော်ရီဒါပြည်နယ်ရှိ Parkland ကျောင်းမှာ မျက်နှာဖုံးဖြင့်လူတစ်ဦးသေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်မှုကြောင့်ကျောင်းသားကျောင်းသူ ၁၇ယောက်သေဆုံးသွားခဲ့ရပါတယ်။

အရင်ကထိုကျောင်းမှာNikolas Cruz ဆိုတဲ့အသက်၁၉နှစ်အရွယ်ကျောင်းသားတစ်ဦးပာာပြသနာရှာလွန်းတာကြောင့် ကျောင်းမှထုတ်ပယ်ခြင်းခံခဲ့ရသူတစ်ယောက်ဖြစ်ပါတယ်။၎င်းပာာမျက်နှာဖုံးကိုစွတ်ထားပြီး မျက်ရည်ယိုဗုံးကိုအရင် ကျောင်းခန်းမအထဲပစ်သွားခဲ့ပါတယ်။ထိုနောက်မှာတော့၎င်းယူဆောင်လာတဲ့ AR-15 စက်သေနတ်ဖြင့်လိုက်လံပစ်ခတ်ခဲ့တာကြောင့်လူသေဆုံးမှုများခဲ့ပါတယ်။ထိုဖြစ်ရပ်ကြောင့်ရဲများပာာ ခေါင်းနပန်းကြီးသွားပြီး အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်းလာရောက်ခဲ့ရပါတယ်။ရဟတ်ယာဉ်ဖြင့် မြင်ကွင်းရိုက်ကူးတဲ့အခါမှာ သေနတ်သမားပာာ လူငယ်တစ်ယောက်ဖြစ်ပြီး ခရမ်းရောင်အကျီကိုဝတ်ဆင်ထားကြောင်းတွေ့ရိှခဲ့ပါတယ်။

ထိုပစ်ခတ်မှုမှာအပြစ်မဲ့သူတွေ ၁၇ယောက်သေဆုံးသွားခဲ့ပြီးတခြားဓားစာခံများပာာလည်းပိတ်မိနေခဲ့ပါတယ်။ထိုကိစ္စနဲ့ပက်သက်ပြီးအာဏာပိုင်များပာာလည်း မယုံနိုင်လောက်အောင်ဖြစ်ခဲ့ရပါတယ်။ငယ်ရွယ်သေးတဲ့ကျောင်းသားတစ်ဦးပာာထိုလုပ်ရပ်ပြုလုပ်ခြင်းအပေါ်နားမလည်နိုင်ဖြစ်ခဲ့ရပါတယ်။ကျောင်းရဲမှတ်တမ်းဓာတ်ပုံမှာပြန်ကြည့်တဲ့အခါ၎င်းပာာ ပေါကြောင်ကြောင်အ၀တ်အစားနဲ့မျက်ခွက်ပြောင်နေခဲ့ပါတယ်။

ကံကောင်းထောက်မစွာနဲ့ရဲတွေရဲ့ကြိုးစားမှုကြောင့် ၄င်းကို အရှင်ဖမ်းဆီးနိုင်ခဲ့ပြီးယခုကိစ္စကျူးလွန်ရခြင်းအပေါ်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations