ငလျှင်အန္တရာယ်ကတော်တော်ကြီးကို ကြောက်ဖို့ကောင်းပါတယ်။ခဏလေးအတွင်းမှာ လူ့အသက်ပေါင်းမြောက်မြားစွာကိုနုတ်ယူသွားနိုင်ပါတယ်။

၂၀၁၅ခုနှစ်ဧပြီလ ၂၅ရက်နေ့တုန်းက နီပေါနိုင်ငံမှာ ဖြစ်ရပ်ဆိုးတစ်ခုဖြစ်ပွားခဲ့ရပါတယ်။ဒါကတော့ ပြင်းအား၇.၈ ရှိတဲ့ ငလျှင်ကြီးတစ်ခုလှုပ်ခတ်မှုကြောင့် နီပေါရဲ့မြို့တော်နှစ်ခုဖြစ်တဲ့Kathmandu နဲ့ Pokhara ပာာအပြင်းအထန် ငလျှင်ဒဏ်ကိုခံခဲ့ရပါတယ်။ထိုငလျှင်ကြောင့် လူပေါင်း၅၀၀၀ကျော်သေဆုံးခဲ့ရပြီးလူ၁၀၀၀၀ကျော်ဒဏ်ရာရရှိခဲ့ပါတယ်လို့ အာဏာပိုင်များကထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ထိုငလျှင်ပာာသမိုင်းတစ်လျှောက်ကြီးကျယ်စွာလှုပ်ခတ်ခဲ့တဲ့ နီပေါငလျှင်တစ်ခုဖြစ်ပါတယ်။

2. Japan

Japan

၁၄၉၈ခုနှစ်စက်တင်ဘာလ ၂၀ရက်နေ့မှာ ဂျပန်နိုင်ငံမှာအင်းအားပြင်းထန်တဲ့ ငလျှင်လှုပ်ခတ်ခဲ့ပါတယ်။ဘယ်လောက်ပြင်းလဲဆိုရင်ငလျှင်ရဲ့ပြင်းအားပာာ ၈.၆ရှိခဲ့ပြီး Nankia ကမ်းရိုးတန်းတစ်လျှောက်အိမ်ပေါင်များစွာပျက်စီးခဲ့ပြီးငလျှင်ရဲ့နောက်ဆက်တွဲ ကြီးမားတဲ့ဆူနာမီရေလှိုင်းဖြစ်ပေါ်ပြီး လူပေါင်း၂၆၀၀၀နဲ့ ၃၁၀၀၀ကြားသေဆုံးစေခဲ့ပါတယ်။

3. Izmit (တူရကီ)

Izmit (တူရကီ)

၁၉၉၀ခုနှစ်သြဂုတ်လ ၁၇ရက်နေ့မှာ တူရကီနိုင်ငံ Izmitမြို့မှာ ပြင်းအား ၇.၉ရှိတဲ့ ငလျှင်လှုပ်ခတ်ခဲ့ပါတယ်။ထိုငလျင်လှုပ်ခတ်မှုကြာမြင့်ချိန်မှာ၃.၇စက္ကန့်သာကြာခဲ့ပေမယ့် အကြီးအကျယ်သေစေပျက်စီးမှုကိုဖြစ်ပေါ်စေခဲ့ပါတယ်။ထိုငလျှင်ကြောင့်လူပေါင်း ၁၇၁၂၇သေဆုံးခဲ့ပြီး ၄၃၉၅၉ဒဏ်ရာရှိခဲ့ပါတယ်။ဒါအပြင်ထိုနိုင်ငံမှာပဲ ၁၉၉၉ခုနှစ်စက်တင်ဘာလမှာထပ်မံလှုပ်ခတ်ခဲ့တဲ့ငလျှင်ကြောင့် သေချာမဆောက်ထားတဲ့အဆောက်အအုံပေါင်း ၂၀၀၀ကျော်ကိုပြိုကျပျက်စီးစေခဲ့ပါတယ်။

4. Rudbar Iran

Rudbar Iran

အီရန်မှာ၁၉၉၀ခုနှစ် ဇွန်လ ၂၂ရက်နေ့ rashiြ့မို့တစ်လျှောက် ၂၀၀ကီလိုမီတာအတွင်း လှုပ်ခတ်ခဲ့တဲ့ငလျှင်ကြောင့်Rubar ရွာပေါင်း ၇၀၀ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ပျက်စီးမှုတန်ဖိုးပာာ ကန်ဒေါ်လာ သန်း၂၀၀ရှိပြီးလူပေါင်း၆၀၀၀၀ကျော်ကို ဒဏ်ရာရရှိစေခဲ့တဲ့အပြင် လူ၅သိန်းအိုးအိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

5. Messina အီတလီ

Messina အီတလီ

၁၉၀၈ ဒီဇင်ဘာ၂၈ရက်နေ့ အီတလီမှာလှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၁ရှိငလျှင်နဲ့ ဆူနာမီကြောင့် Messina မှာနေထိုင်တဲ့လူပေါင်း၂သိန်းရဲ့အသက်ကိုနှုတ်ယူသွားခဲ့ပါတယ်။အဆိုပါငလျှင်ပာာ စက္ကန့် ၃၀မှ ၄၀ကြားလှုပ်ခတ်သွားတာကြောင့်Messina ရှိ အဆောက်အအုံ ၉၁ရာခိုင်နှုန်းပာာ ပျက်စီးသွားခဲ့ရပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations