Jellyfish ရွရွလေးကိုမြုံ့လိုက်ရရင်ဖြင့်..အာဂပါးစပ် လူဖြစ်ကျိုးနပ်လေတော့။

ကိုယ်တို့လူငယ်တွေပြောပါတယ်။ Lotteria ထိုင်မလား KFC ထိုင်မလားဒါမှမဟုတ် shake လိုဆိုင်လေးတွေပဲထိုင်ဦးတော့ အာလူးချောင်းကြော်တစ်ပွဲတော့မှာဖြစ်ကြတာပဲ။ကိုယ်တို့လိုအာလူးချောင်းကြော်ကြိုက်တဲ့လူဦးရေကလည်း တစ်ကမ္ဘာလုံးမှာ အခိုင်အမာကိုရှိနေတာပါ။ဒါပေမယ့်မကြာတော့တဲ့ကာလမှာ အာလူးချောင်းကြော်တွေနေရာမှာဂျယ်လီငါးကြော်တွေအစားထိုးဝင်ရောက်လာတော့မယ်လို့ Futuroligists တွေကခန့်မှန်းနေကြပါပြီ။

University of Southern Denmark က သုတေသနပညာရှင်တွေက ဂျယ်လီငါးတွေကိုအာလူးချောင်းကြော်လို ကြွပ်ကြွပ်ရွရွလေးနဲ့စားလို့ကောင်းအောင်လုပ်နိုင်မယ့်နည်းလမ်းကိုရှာဖွေတွေ့ရှိခဲ့ကြပါပြီ။လူတွေများနော်..စားဖို့သောက်ဖို့ဆိုညဏ်တော်အနန္တကဘာထွက်သလဲမမေးနဲ့။ အရင်တုန်းက ဂျယ်လီိငါးတွေကိုစားလို့ရတဲ့အထိကြွပ်ရွအောင်လုပ်ဖို့ဆိုအတော်လေးအလုပ်များပြီးအချိန်ကြာခဲ့ပါတယ်။ဂျယ်လီငါးတွေရဲ့ ခန္ဓာကိုယ်ကို ဆားနဲ့ potassium alum ထဲမှာ ရက်သတ္တပတ်ပေါင်းများစွာစိမ်ထားပြီးပါမှ ကြွပ်ရွတဲ့ပုံစံကိုရတာကြောင့်ုပါ။ဒါပေမယ့် cut the crap လုပ်လိုက်လို့ရပါပြီိ။ Danish သုတေသနပညာရှင်တွေရဲ့ နည်းလမ်းကဒီလို ရက်သတ္တပတ်ပေါင်းများစွာ စောင့်ရခြင်းနဲ့တူညီတဲ့ရလာဒ်ကို အနည်းငယ်မျှသောရက်မှာတင်ဖော်ဆောင်နိုင်ခဲ့ပါတယ်။ 

ပုံကြည့်ြ့ပီိး စားကောင်းမယ့်ပုံလည်းမပေါ်ဘူးလို့မတွေးသင့်ပါနော်။သေချာ မရောနိစ်တွေအချဉ်ရည်တွေနဲ့ Dressing လုပ်လိုက်ရင် သွားရေကျချင်စရာဖြစ်သွားမှာပါ။

ethanol ကိုအသုံးပြုခြင်းနဲ့ ဂျယ်လီငါးမွမွကြော်တွေကိုပြင်ဆင်နိုင်တော့မှာပါ။ဂျယ်လီိငါးရဲ့ခန္ဓာကိုယ်မော်လီကျူးတည်ဆောက်ပုံတွေအကြောင်းကိုအလုံးစုံမလေ့လာရသေးပေမယ့် အာလူးကြော်တွေနေရာမှာ ဂျယ်လီငါးကြော်တွေဖောဖောသီသီဝင်ရောက်လာဖို့မဝေးတော့ပါဘူး”လို့သုတေသနမှူး Dr.Mathias P.Clausen က ဖြေကြားထားးပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations