သိပ်ပြီးသာယာတဲ့မြို့ကလေးကိုသဲမုန်တိုင်းကြီး ရက်စက်တယ်။

မြေ၊ရေ၊လေ၊မီးဆိုတဲ့ ဓာတ်ကြီးလေးပါးဟာ လူသားတွေကိုသူ့နည်းနဲ့သူတစ်မျိုးစီအကျိုးပြုနေသလိုတစ်မျိုးစီလည်းဒုက္ခပေးလျက်ရှိကြပါတယ်။ အဲ..တစ်ခါတစ်ခါကျ တစ်မျိုးတည်းနဲ့ ဒုက္ခပေးရတာအားမရလို့ တစ်ထိုင်တည်းနှစ်မျိုးလောက်ပေါင်းပြီးဒုက္ခပေးတတ်ကြသဗျ။ ခုဖြစ်သွားတဲ့သဲမုန်တိုင်းကိုပဲကြည့်ပါလေ။ဒါဟာ မြေနဲ့လေနဲ့ပေါင်းပြီးဒုက္ခပေးတာမဟုတ်လား။ရိုးရိုးမုန်တိုင်းတွေဆိုလည်း ရေနဲ့ လေနဲ့ပေါင်းတာပဲလေ၊အဲ..မီးလောင်တာရော တစ်ခုတည်းထင်လို့လား နိုးပါ၊မီးနဲ့လေနဲ့ပေါင်းထားတာပဲ။ ဓာတ်ခွဲပြနေတာတွေတော်လောက်ပါပြီ သတင်းကိုပဲတင်ဆက်ပါဦးမယ်။ 

Australian နိုင်ငံမှာရှိတဲ့ Charleville ဆိုတဲ့ မြို့ကလေးဟာရှုခင်းလှလှတွေနဲ့ စိမ်းလန်းတဲ့ ရေမြေတောတောင်သဘာဝအလှလေးတွေနဲ့ အင်မတန်သာယာမှုအတိပြီးလို့အပန်းဖြေခရီးတောင်ထွက်ချင်စရာကောင်းတဲ့မြို့ကလေးပါ။ ဒါပေမယ့် အဲဒီိ့မြို့ကလေးကို ခဏတာအကျည်းတန်အောင်လုပ်လိုက်တာကတော့အင်္ဂါနေ့မှာတိုက်ခတ်သွားတဲ့မုန်းစရာကောင်းတဲ့သဲမုန်တိုင်းကြီးပါပဲ။ ဒီမုန်တိုင်းကြီးကရုတ်တရက်ချက်ချင်း ဘယ်ကရောက်လာမှန်းမသိအောင်တိုက်ခတ်လာပြီး မြို့ကလေးကို သဲတွေဖုံးကာအရှေ့ကိုဘာမှမမြင်ရတော့လောက်အောင်ကိုမှုန်မှိုင်းသွားစေခဲ့ပါတယ်။ သဲမုန်းတိုင်းက124 မိုင်ပတ်လည်တိုက်ခတ်ခဲ့ပြီိး တစ်နာရီကိုမိုင်ခြောက်ဆယ်နှုန်းပြင်းအားရှိခဲ့တယ်လို့သိရပါတယ်။အံ့သြလွန်းမကအံ့သြနေတဲ့ မြို့သူမြို့သားတွေကတော့ Before and After ပုံတွေကို Twitter မှာ ကိုယ်စီတင်ထားခဲ့ကြပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations