ဘယ်လိုကြီးလဲ။

အရာရာ ပိုက်ဆံနဲ့တန်ဖိုးဖြတ်နေတဲ့ခေတ်ကြီိးမှာ oxygen ကိုတောင်oxygen bar တွေဘာတွေကနေ ဒေါ်လာနဲ့ပေးပြီးငွေနဲ့စက်ဝယ်နေရတဲ့အချိန်မှာ ပိုက်ဆံနဲ့လွတ်တာဆိုလို့အိပ်တာတစ်ခုပဲကျန်တော့မယ်ထင်ပါရဲ့။ဒါတောင်အလွတ်အကင်းကြီးတော့မဟုတ်ပါဘူးလေ.. အိပ်နေတဲ့အချိန်တွေမှာပိုက်ဆံမရတာတို့ဘာတို့ကရှိသေးတာပဲ။အိပ်စက်ခြင်းကို ဆိုင်ပေါ်တင်ရောင်းဖို့ပြင်နေတဲ့မောင်မင်းကြီးသားဆိုင်တစ်ဆိုင်ကလည်းပေါ်လာပြန်ပါပြီ။

ဘာကြီးလားပေါ့။အိပ်တာပဲပိုက်ဆံပေးပြီးအိပ်ရမှာလားပေါ့။ဒီလိုပါ။ဆိုင်နာမည်က Casper sleep shop  လို့ခေါ်ပါတယ်။ဒီဆိုင်က ပုံမှန်အားဖြင့် မွေ့ယာတွေရောင်းတဲ့ဆိုင်ပါ။ သူကအစတုန်းကတော့ Digital Only ပဲဖြစ်ခဲ့ပေမယ့် နောက်ပိုင်း Pop up store တို့ Truck တို့တွေနဲ့ရောင်းချခဲ့ပါတယ်။ခုတော့ permanent store တစ်ခုဖွင့်လိုက်ပြီပေါ့နော်။နေရာကတော့ New York City ရဲ့ Noho ရပ်ကွက်မှာပါ။ဒီဆိုင်ရဲ့ထူးခြားချက်ကသူ့ဆီက မွေ့ယာတွေကိုမဝယ်ခင် အစမ်းတစ်ရေးလောက်ဝင်အိပ်ကြည့်လို့ရတာပါပဲ။ ဒီဆိုင်မဖွင့်ခင်တုန်းကလည်းလမ်းပေါ်မှာလိုက်ရောင်းတဲ့ Truck လေးတွေမှာ အစမ်း နာရီဝက်တစ်နာရီလောက်အိပ်ကြည့်လို့ရတဲ့ပုံစံလေးလုပ်ခဲ့ပါသေးတယ်။ ဆိုင်လေးကတိတ်တိတ်ဆိတ်ဆိတ်နဲ့ အိပ်စက်ခြင်းကိုအထောက်အကူပြုမယ့်အခြေအနေမျိုးဖန်တီးထားတာတွေ့ရမှာပါ။နောက်ပိုင်းကာလတွေမှာဆိုင်မှာလာအိပ်တဲ့သူတွေကို တစ်နာရီဘယ်လောက်ဆိုပြီးကောက်ခံဖို့ရှိကြောင်းလည်းကြားသိရပါသေးတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations