ဒီိကိစ္စက ပေါ့သေးသေးမဟုတ်ပါဘူး။ ဖလော်ရီဒါမှာတောင်မှ အတော်ထူးဆန်းတဲ့ ကိစ္စပါ။

မြန်မာ့စပါးအုံးမြွေဆိုလို့ အောင်လအန်န်ဆန်းလို့မထင်လိုက်ပါနဲ့။တကယ့် စပါးအုံးမြွေကြီးပါ။ မြွေမျိုးစိတ်ရဲ့နာမည်က မြန်မာ့စပါးအုံးမြွေပါ။ ဖလော်ရီဒါအနောက်တောင်ပိုင်းမှာရှိတဲ့ ဘေးမဲ့တောတစ်ခုအတွင်းက မြန်မာ့စပါးအုံးမြွေကြီးဟာ သူ့ထက်ကိုယ်အလေးချိန်စီးတဲ့သမင်တစ်ကောင်ကို မျက်တောင်တစ်ချက်မခတ်ပဲ (ဒါက သဘောပြောပြတာပါ မြွေတွေမှာခတ်စရာမျက်တောင်လည်းမပါပါဘူး)အေးအေးကလေးမျိုလိုက်တာကိုတွေ့လိုက်ရချိန်မှာ ဖလော်ရီဒါဘေးမဲ့တောရဲ့တာဝန်ရှိသူတွေမျက်ကလဲဆန်ပြာဖြစ်သွားရပါတယ်။အကြောင်းကတော့မျိုးပွားဖို့အဆင်သင့်မဖြစ်သေးတဲ့ သမင်လေးကိုမျိုလိုက်တာကြောင့်ပါ။ မြန်မာ့မြွေအစွမ်းကိုကမ္ဘာကမျက်ဝါးထင်ထင်မြင်သွားရပြီပေါ့လေ။

ဘေးမဲ့တောရဲ့ တာဝန်ရှိသူတွေက ဒီလို မြန်မာ့စပါးအုံးမြွေတွေရဲ့ကျန်းမာသန်စွမ်းတဲ့ အစားစားချင်စိတ်ဟာ ပြဿနာတစ်ရပ်ဖြစ်လာနိုင်တယ်လို့ယူဆနေကြပါတယ်။အကြောင်းကတော့ရိုးရိုးရှင်းရှင်းပါပဲ။ ဒီိလိုမြွေတွေများလာမယ်ဆိုရင် ရှိသမျှတောကောင်တွေအကုန်သူတို့မျိုတာနဲ့တင်မျိုးပြုတ်မှာပဲလေ။ဒီလိုဆိုရင် တောကောင်တွေအပေါ်မှီတည်နေရတဲ့ ခြင်္သေ့တွေကျားတွေနဲ့ပြဿနာတက်လာနိုင်ပါတယ်။လတ်တလောမှာဖလော်ရီဒါက စပါးအုံးမြွေတွေကိုသုတ်သင်ဖို့ရာလူထုရဲ့အကူအညီကိုတောင်းခံလျက်ရှိပြီး စပါးအုံးမြွေတွေကိုဖလော်ရီဒါရဲ့ဘယ်နားမှာတွေ့သည်ဖြစ်စေ တွေ့ရာင်္သချိုင်း ဓားမဆိုင်းပဲသတ်ဖြတ်သုတ်သင်ဖို့ညွှန်ကြားထားတာပဲဖြစ်ပါတယ်။ဘေးမဲ့တောတွေအတွင်းက စပါးအုံးမြွေတွေကိုလည်း အမတွေကိုဖမ်းပြီး မျိုးမပွားနိုင်အောင်စီမံကာပြန်လွှတ်ပေးတာမျိုးလုပ်လျက်ရှိကြောင်းသိရပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations