Red Valvet ကိုအားပေးဖို့ အချိန်ဇယားတွေဘာတွေပါပြောင်းလိုက်ရကြောင်းသိရပါတယ်။

တောင်ကိုရီးယားကအဆိုတော်တွေမြောက်ကိုရီးယားကိုသွားရောက်ဖျော်ဖြေကြတာမျိုးကအရင်ကတည်းက နှစ်ခြမ်းကွဲပြီး တစ်ဖက်နဲ့တစ်ဖက်ညှိမရအောင်ဖြစ်နေခဲ့ကြတဲ့ ကိုရီးယားနှစ်နိုင်ငံမှာသိပ်ပြီးမရှိခဲ့တာကြောင့် ဒီတစ်ခေါက်ပြုလုပ်တဲ့ ချစ်ကြည်ရေးဖျော်ဖြေပွဲကို နှစ်နိုင်ငံစလုံးကအမျှော်လင့်ကြီးမျှော်လင့်ထားကြသလို သွားရောက်ဖျော်ဖြေရတဲ့ အနုပညာရှင်တွေအနေနဲ့လည်းတာဝန်ကြီးတာကြောင့် စိတ်လှုပ်ရှားရတဲ့ဖြစ်ရပ်တစ်ခုပါပဲ။ အနုပညာရှင်များစွာထဲကမှ တောင်ကိုရီးယားမှာရောအခြားအရှေ့တောင်အာရှနိုင်ငံတွေမှာပါ ပရိသတ်အခိုင်အမာရရှိထားတဲ့ Red Valvet အဖွဲ့ဟာသွားရောက်ဖျော်ဖြေဖို့ရွေးချယ်ခံထားရတဲ့အတွက် ပျော်ရွှင်ရကြောင်းနဲ့ အကောင်းဆုံးကြိုးစားပါ့မယ်ဆိုပြီးနိုင်ငံတော်ကိုကတိသစ္စာပြုခဲ့ကြပါတယ်။ခုတော့ သူတို့ရဲ့ကြိုးစားမှုအတွက် ကြည်နူးဂုဏ်ယူစရာအခွင့်အရေးရခဲ့တယ်လို့ပဲဆိုရမှာပါ။ 

မြောက်ကိုရီးယားပြုံယမ်းမြို့တော်မှာ ကျင်းပတဲ့ ဖျော်ဖြေပွဲဟာဧပရယ်လသုံးရက်နေ့အထိကျင်းပသွားမှာဖြစ်ပြီး မြောက်ကိုရီးယား သမ္မတကင်ဂျုံအန်းအနေနဲ့ဖျော်ဖြေပွဲရဲ့နောက်ဆုံးပိတ်သိမ်းတဲ့ရက်မှသာ နှစ်နိုင်ငံ ချစ်ကြည်ရေးဖျော်ဖြေမှုတွေကိုရှု့စားရအောင်တက်ရောက်မယ်လို့ကြံရွယ်ထားပေမယ့် တကယ်တမ်းမှာတော့ Red Valvet ကိုကြည့်ချင်တာကြောင့်သူ့ရဲ့များပြားလှတဲ့အလုပ်တာဝန်တွေအချိန်ဇယားတွေကိုညှိပြီး ဧပရယ်တစ်ရက်နေ့မှာ လာရောက်အားပေးခဲ့ကြောင်းသိရပါတယ်။သမ္မတကြီိးမရောက်သေးတဲ့အတွက်ဖျော်ဖြေပွဲကို တစ်နာရီိခန့်နောက်ဆုတ်ပြီးမှစတင်ခဲ့ရကြောင်းလည်းသိရပါတယ်။ 

ကျွန်တော် Red Valvet ကိုလာကြည့်မှာလားဆိုတာ လူတွေစိတ်ဝင်စားနေကြတယ်လို့ကြားတယ်၊တကယ်တော့သဘက်ခါမှ ပွဲကိုလာကြည့်မလို့စီစဉ်ထားပြီးသားပါ၊ဒါပေမယ့် အချိန်ဇယားကို ညှိလိုက်ပြီးဒီနေ့ပဲလာအားပေးဖြစ်တယ်၊ ဒီလိုပွဲမျိုးကိုလက်ဆောင်ပဏ္ဏာပေးတဲ့အတွက် ပြုံယမ်းပြည်သူပြည်သားတွေကိုယ်စားသိပ်ကိုကျေးဇူးတင်မိပါတယ်”လို့သမ္မတကြီး Kim Jongun က Media တွေကို ဖြေကြားထားပါတယ်။

ဖျော်ဖြေပွဲတစ်လျှောက်လုံးမှာ သမ္မတကြီးရဲ့ စိတ်ကိုအဖမ်းစားနိုင်ဆုံးကတော့“Bad Boy” နဲ့ “Red Flavour”သီချင်းတွေကိုဖျော်ဖြေခဲ့တဲ့ Red Valvet အဖွဲ့ဝင်တွေပဲဖြစ်ပုံရပြီးသမ္မတကြီးနဲ့သမ္မတကတော်နဲ့ကိုလက်ခုပ်တီးအားပေးနေတာမြင်တွေ့ရပါတယ်။ Stage စင်ရဲ့နောက်မှာလည်းKim Jongun က Red Valvet အဖွဲ့နဲ့ တွေ့ဆုံစကားပြောဆိုပြီး ဓာတ်ပုံတွေလည်းအတူတူရိုက်ခဲ့သလိုနှစ်နိုင်ငံချစ်ကြည်ရေးအတွက် ဒီလိုပွဲမျိုးတွေမကြာခဏလုပ်ပေးသင့်ကြောင်းနဲ့ တောင်ကိုရီးယားသမ္မတMon Jae ကို ဒီလိုပွဲမျိုးဖန်တီးစီစဉ်ပေးတဲ့အတွက် အလွန်ကျေးဇူးတင်ရှိကြောင်းပြောပေးဖို့လည်းမှာကြားခဲ့တယ်လို့သိရပါတယ်။ Red Valvet မှာ အမာခံပရိသတ်တစ်ယောက်တိုးလာပြီးအဲ့ဒီ့ပရိသတ်ကလည်းသမ္မတတစ်ယောက်ဖြစ်နေတာ ကြည်နူးဝမ်းသာစရာအချက်ပါပဲလို့ လူတွေကဝေဖန်နေကြပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations