အရမ်းမိုက်လွန်းလို့ သွေးရူးသွေးတန်းစွဲလမ်းသွားစေမယ့် ဂိမ်း။

Dragon Quest ရဲ့ အနီိးစပ်ဆုံးတူညီမှုရှိတဲ့ Game ကိုပြပါဆိုရင်တော့အရင်နှစ်တွေကခေတ်စားသွားတဲ့ Minecraftsကိုပဲပြရမှာပါ။ ဒီ Game က Japan က ထုတ်လုပ်လိုက်တဲ့Game ဖြစ်ပြီး Character တွေကအစ Addict ဖြစ်လွန်းလို့ Japan မှာသိပ်ကို ရေပန်းစားနေပြီးအခြားသော Game တွေအားလုံးထက် ပိုမိုကစားခံရတဲ့ ဂိမ်းဘုရင်လို့တောင်ခေါ်ရမှာပါ။ ဂိမ်းကိုအသက်သွင်းသူက ဂျပန်လူမျိုးYuji Hori ဖြစ်ပြီး ခုချိန်မှာတော့ ဒီ သစ္စာရှိပရိသတ်တွေအခိုင်အမာရထားတဲ့ ဂိမ်းဟာပထမဆုံးအကြိမ်အဖြစ် စိတ်လှုပ်ရှားစရာ Virtual Reality world ကိုဝင်ရောက်လာတော့မှာပဲဖြစ်ပါတယ်။ကစားတဲ့အခါမှာ Virtual Reality Feeling အပြည့်အဝရစေဖို့အတွက် ဂိမ်းကစားသူတွေက ViveHeadsets တွေနဲ့ကစားရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်နှစ်ကဆိုရင် Dragon Quest ရဲ့ 3Ds Version ဟာ အခွေပေါင်း တစ်သန်းကျော်ရောင်းချခဲ့ရတဲ့အထိပေါက်ခဲ့တာဆိုတော့ ခု Dragon Quest VR ကလည်း ဂိမ်းလောကကိုကိုင်လှုပ်သွားနိုင်လောက်ကြောင်း ကျွမ်းကျင်သူများကခန့်မှန်းနေကြပါတယ်။

VR လောကရဲ့ဂိမ်းတွေထဲမှာ ကစားလို့အကောင်းဆုံး ဂိမ်းတစ်ခုဖြစ်လာဖို့အလားအလာအများကြီးရှိတဲ့Dragon Quest ကို ဝယ်ယူဖို့အတွက် ဂျပန်နိုင်ငံ အရပ်ရပ်မှာရှိတဲ့ ဂိမ်းဝါသနာရှင်တွေဟာရောက်ရာအရပ်ကနေ ဂိမ်းရောင်းချမယ့် အရပ်ဒေသကိုအမီရောက်နိုင်အောင်ကြိုးစားလာရောက်နေကြပြီပဲဖြစ်ပါတယ်။ဂိမ်းဟာ April 27 မှာ Official ထွက်ရှိမှာဖြစ်ပါတယ်။April 25 မှာ ဂိမ်းကိုပထမဆုံးအကြိမ်စမ်းသပ်ကစားဖို့လူရွေးချယ်မှုပြုလုပ်မှာပါ။ ဂျပန်နိုင်ငံကိုရောက်နေတဲ့ Gamer တွေအတွက်တော့ဝမ်းသာစရာပါပဲ။ဂိမ်းကစားသူတွေဟာဂိမ်းထဲမှာ ကိုယ့် Character နဲ့ လိုက်တဲ့ ဂိမ်းဇာတ်ကောင်ကိုရွေးချယ်ကစားနိုင်ပြီးစစ်သား၊ဘုန်းကြီး စသဖြင့် ဇာတ်ကောင်တွေရဲ့အမျိုးအမည်ကလည်းစုံလင်စွာရှိတာကြောင့် စိတ်ဝင်စားစရာဂိမ်းတစ်ခုဖြစ်လာမှာအသေအချာပါပဲ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations