ကြော်ငြာထဲကလိုပူတယ်စပ်တယ်လို့အော်နေရုံနဲ့မပြီးတော့ပါဘူး။

လူတွေက သူများမလုပ်နိုင်တာတစ်ခုခုကိုကိုယ်လုပ်နိုင်တယ်ဆိုရင်ဂုဏ်ယူလေ့ရှိကြပြီးသူများတွေကရောဒါကိုဘာလို့မလုပ်သလဲ ငါလုပ်လိုက်ရင် သူများမလုပ်နိုင်တာလုပ်နိုင်တယ်ဆိုတဲ့ဂုဏ်ပုဒ်လေးနဲ့ဘာတွေပေးဆပ်လိုက်ရမလဲ၊တန်ရဲ့လား ဆိုတာကိုတော့ ကြိုတင်တွေးတောခြင်းမရှိကြပါဘူး။ ခု  Carolina Reaper ကိုဘာထင်သည်မသိလို့ဆိုရမယ့် ဒီနာမည်မဖော်လိုသူအမျိုးသားတစ်ဦးရဲ့ဖြစ်အင်ကလည်းအလားတူပါပဲ။

Carolina Reaper ဆိုတဲ့ ငရုတ်သီးဟာ ကမ္ဘာ့အပူအစပ်ဆုံးစံချိန်တင်ငရုတ်သီးအဖြစ်နာမည်တစ်လုံးနဲ့နေလာတာပါ။ဒီနာမည်ကိုလည်း အလကားနေအလကားရခဲ့တာဟုတ်ပုံမရပါဘူး။ငရုတ်သီးကဘယ်လောက်စပ်လိုက်သလဲဆိုရင်သူ့ကိုဒီတိုင်းမကိုင်ရဲလို့ လက်အိတ်စွပ်ပြီးကိုင်ရတဲ့အထိ၊သူနဲ့နီးနီးနားနားမှာနေမိရင်မျက်ရည်တွေဝဲလာတတ်လွန်းလို့သူ့ကိုကိုင်တဲ့အခါ မျက်မှန်အကာတွေဘာတွေနဲ့ကိုင်ရတဲ့အထိကိုစွမ်းတာပါ။ ဒီလိုငရုတ်သီးမျိုးကိုမှလူတစ်ယောက်ကမဆင်မခြင်သွားစားမိခဲ့ပါတယ်။စားဖြစ်ပုံကတော့New York က အစပ်စားပြိုင်ပွဲတစ်ခုမှာပါ။ ဒါကပထမဆုံးအကြိမ်မဟုတ်ဘူးလို့လည်းဆိုပါတယ်။သူကပထမတစ်ခါအစပ်စားပြိုင်ပွဲတစ်ခုမှာလည်း ဒီငရုတ်သီးကိုပဲစားခဲ့ပါသေးတယ်။အဲ့ဒီ့တုန်းကတော့စက္ကန့်ပိုင်းမျှသာကြာတဲ့ ခေါင်းကိုက်မှုလေးဖြစ်ခဲ့ပါတယ်။

အသက် 34 နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဲ့ဒီ့အမျိုးသားဟာ Carolina Reaper တစ်တောင့်ကို အစပ်စားပြိုင်ပွဲမှာဝါးစားပြခဲ့ပါတယ်။ ပြိုင်ပွဲပြီးပြီးချင်းပဲသူဟာအာခေါင်တွေခြောက်လာပြီး လည်ပင်းနဲ့ခေါင်းမှာချက်ချင်းကိုနာကျင်မှုတွေဖြစ်လာခဲ့ပါတယ်။တဖြည်းဖြည်းနဲ့တစ်ခေါင်းလုံးနာကျင်လာတဲ့အထိပါပဲ။ အပြင်းအထန်ခေါင်းကိုက်မှုကြောင့် သူကနီးစပ်ရာဆေးရုံအရေးပေါ်ခန်းကိုပြေးခဲ့ရပါတယ်။သူ့ခန္ဓာကိုယ်မှာ အခြားအားနည်းတာ၊အမြင်အာရုံပျောက်ဆုံးတာနဲ့သွေးတက်တာတွေမတွေ့ခဲ့ရတာကြောင့်ဆရာဝန်တွေက ရောဂါအမည်တပ်ဖို့ရာဒုက္ခများခဲ့ကြပါတယ်။ဒါပေမယ့်သိပ်မကြာခင်မှာပဲဦိးနှောက်ကို ဓာတ်မှန်ရိုက်ကြည့်ကြတဲ့အခါမှ ခေါင်းအပြင်းအထန်ကိုက်ရခြင်းရဲ့အကြောင်းအရင်းကိုသိရပါတော့တယ်။အလွန်ပူစပ်ပြင်းထန်လွန်းတဲ့ငရုတ်သီးရဲ့အရှိန်ကြောင့် ဦးနှောက်ထဲက သွေးကြောတွေကျဉ်းကုန်တာပါ။ဒါကြောင့်ခေါင်းကိုက်ခြင်းဝေဒနာကဆိုးရွားနေခဲ့တာပါ။သွေးကြောတွေနဂိုအရွယ်ကိုပြန်ရောက်ဖို့ငါးပတ်ခန့်ကြာမြင့်ခဲ့ကြောင်းလည်းသိရပါတယ်။ငရုတ်သီးစားခဲ့တဲ့လူကတော့ သူ့ရဲ့အဖြစ်အပျက်ကိုအစပ်စားပြိုင်ပွဲဝင်ဖို့စိတ်ကူးရှိကြသူတွေအနေနဲ့ သင်ခန်းစာယူစေချင်ကြောင်းနဲ့ ငရုတ်သီးဆိုတာအပျော်သဘောစားရမယ့်အရာမဟုတ်ကြောင်းMedia တွေကိုပြောကြားခဲ့ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations