လိပ်ဖြစ်ရတဲ့ဘဝ။ သနားစရာကောင်းလိုက်တာ။

အဆိုးပြီးတော့ အကောင်းတွေပေါ့..ဆိုတဲ့ သီချင်းလိုပါပဲ။တကယ့်လက်တွေ့ဘဝမှာအဆိုးပြီးရင်အကောင်းတွေလာတတ်သလို အချို့ဘဝတွေမှာတော့ အဆိုးပြီးတာတောင်အဆိုးတွေပဲထပ်နေပြီးကံကောင်းမှုရောင်ခြည်တောင်မသမ်းနိုင်သေးတဲ့သူတွေလည်းရှိနေပါတယ်။ဒါပေမယ့် ဒီ ကမ္ဘာလိပ်ကြီးကတော့အဲ့ဒီ့ဘဝတွေထဲက တစ်ခုမဟုတ်ခဲ့တာ ဝမ်းသာစရာပါပဲ။

ဒီဖြစ်ရပ်ဟာ California မှာဖြစ်ပွားခဲ့တာပါ။ ကမ္ဘာလိပ်ကြီိးတစ်ကောင်ဟာအမြင့်နံရံတစ်ခုပေါ်ကနေ ပြုတ်ကျပြီိး သူ့ရဲ့အခွံဟာသုံးခြမ်းတိတိကွဲအက်သွားခဲ့ပါတယ်။ပြုတ်ကျရတဲ့အကြောင်းကတော့ ခွေးလိုက်ဆွဲလို့လွတ်အောင်ရှောင်ရင်းပြုတ်ကျခဲ့ရရှာတာပါ။ဒါကိုအစအဆုံးတွေ့မြင်လိုက်တဲ့ လူတစ်ဦးက အခွံကွဲအက်သွားတဲ့လိပ်ကြီးကို အနီးဆုံးတိရစ္ဆာန်ဆေးကုခန်းကိုခေါ်သွားပေးခဲ့ပါတယ်။ကံကောင်းချင်တော့ ဒီလိုတွားသွားသတ္တဝါတွေအတွက် ဆေးကုသရေးအလှူရှင်အဖွဲ့အစည်းတစ်ခုကရှိနေခဲ့တာကြောင့်ဆေးကုသစရိတ်ပူစရာမလိုတော့တာပါ။ဆရာဝန်တွေက လိပ်ကြီးရဲ့အခွံကို တတ်စွမ်းသမျှပညာကုန်သုံးပြီးကုသပေးခဲ့ကြပြီးဆေးကုသစရိတ်ဟာ ခန့််မှန်းခြေဒေါ်လာ လေးထောင်လောက်ကျကြောင်းသိရပါတယ်။ လိပ်ကြီးဟာ ပေါင်ကိုးဆယ်အလေးချိန်ရှိပြီးအသက်အားဖြင့် 35 နှစ်ကနေ 40ကြားဖြစ်ကြောင်းခန့်မှန်းရပါတယ်။ လိပ်တွေအတွက် အခွံဟာအသက်ပဲမို့အခွံကွဲတာကိုပြန်ဆက်ထားရရှာတဲ့ ကမ္ဘာလိပ်ကြီးအမြန်နေပြန်ကောင်းပါစေလို့ ဆုတောင်းပေးရင်း..။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations