အံ့သြစရာကြီး ….

လူသားတွေရဲ့ဦးနှောက်ဟာ တော်တော်လေးကိုထူးခြားပါတယ်။လူတွေမှာသိစိတ်နဲ့မသိစိတ်ဆိုပြီးနှစ်မျိုးရှိရာမှာမသိစိတ်က ပိုပြီးအင်အားကြီးတယ်လို့ပြောစမှတ်ပြုလေ့ရှိကြပါတယ်။ဒါကလည်းအမှန်တကယ်ပါပဲ။စိတ်ပညာပါရဂူတွေတညီတညွတ်တည်းသဘောတူထားတဲ့အချက်ကတော့ လူတွေရဲ့သိစိတ်နဲ့မသိစိတ်ဟာ ကျောက်ဆောင်ကြီးဖြစ်ခဲ့မယ်ဆိုရင်သိစိတ်ဟာ ပင်လယ်ရေမျက်နှာပြင်ပေါ်မှာပေါ်နေတဲ့ ကျောက်ဆောင်ကြီးရဲ့အစွန်းပိုင်းကလေးဖြစ်ပြီးတော့မသိစိတ်ဟာ ပင်လယ်ရေအောက်မှာရှိနေတဲ့ ကျောက်ဆောင်ကြီးရဲ့ကြီးမားလှတဲ့ ကိုယ်ထည်နဲ့အလားသဏ္ဍာန်တူတယ်ဆိုတာပါပဲ။

မကြာသေးမီက ထွက်ရှိလာခဲ့တဲ့ Journal of ExperimentalPsychology မှာ တင်ပြထားတဲ့ သုတေသနစာတမ်းတစ်ခုအရ လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် ညကအိပ်ရေးဝဝအိပ်ခဲ့ရတယ်လို့ တွေးပြီးလှည့်စားခဲ့မယ်ဆိုရင် ဦးနှောက်က ယုံကြည်ပြီး အိပ်ရေးဝဝအိပ်ခဲ့ရတဲ့လူတစ်ယောက်ရဲ့တုံ့ပြန်မှုတွေပေးမှာဖြစ်တယ်လို့သိရပါတယ်။ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့ လူတွေရဲ့ မသိစိတ်ကသိစိတ်ထက်ပိုမိုအင်အားကြီးနေလို့ဖြစ်ပြီးညကကောင်းကောင်းအိပ်ခဲ့ရတယ်လို့ကိုယ့်ကိုယ်ကိုယ်ပြောဆိုနေခြင်းဟာ မသိစိတ်က သိစိတ်ကိုပြန်လည်အမိန့်ပေးနေခြင်းအသွင်ရောက်ပြီးခန္ဓာကိုယ်ကပါစိတ်ကိုလိုက်နာဆောင်ရွက်စေလို့ပါပဲ။ ဒါပေမယ့် ဆေးပညာရှင်တွေကတော့ ဒီလိုလုပ်တာဟာခဏတာအတွက်ပဲကောင်းပြီး ရက်ပေါင်းအစဉ်အဆက်ဆက်တိုက်ပြုမူနေမယ်ဆိုရင်တော့ ထိရောက်မှုလျော့ကျမှာဖြစ်တယ်လို့သုံးသပ်ထားကြပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations