အမှိုက်အိတ်လို့တောင်မထင်ရအောင် လက်ရာမြောက်တာ…။

လူတွေဟာမွေးကတည်းက သူ့ ဝါသနာနဲ့သူ၊သူ့ထူးချွန်မှုနဲ့သူ အထုံပါရမီကပါခဲ့ပြီးသားဆိုတဲ့စကားဟာအမှန်ပဲနဲ့တူပါရဲ့။ သိပ်ကိုလှပပြီးဖက်ရှင်ကျတဲ့ Dress တစ်ခုရဖို့ဆိုတာ ပိုက်ဆံတွေသိန်းနဲ့ချီိအကုန်ခံစရာမလိုပါဘူးအိုင်ဒီယာတစ်ချက်ကောင်းရင် ဘယ်လောက်မှမကုန်ပဲနဲ့လည်းအလုပ်ဖြစ်တယ်ဆိုတာ DIYYoutuber လေး Amber Scholl က သက်သေပြသွားပါပြီ။

Amber Scholl ဆိုတာက သူမရဲ့ ဆန်းပြားလှပတဲ့ DIY idea တွေ၊FashionVideo တွေကြောင့် Social Media တွေမှာ ငယ်ငယ်ရွယ်ရွယ်နဲ့နာမည်ကျော်ကြားလာသူYoutuber လေးတစ်ဦးပါ။ “Amber ကတော့ အမှိုက်အိတ်ကြီးစွပ်ထားနေရင်တောင် လှနေဦးမှာပဲ”ဆိုတဲ့စကားကိုသူမရဲ့ပရိသတ်တွေဆီိကအမြဲကြားနေရတယ်လို့ Amber ကပြောပါတယ်။အဲ့ဒါနဲ့တစ်နေ့မှာတော့ အဲ့ဒီ့စကားဟာမှန်ကန်ကြောင်းသက်သေပြဖို့အကြံတစ်ခုဟာသူမရင်ထဲမှာစတင်သန္ဓေတည်လာပါတော့တယ်။

Amber က Dress ကိုပြုလုပ်ဖို့အတွက် လိုအပ်တာလေးတွေအနည်းငယ်ဝယ်ဖို့shopping ထွက်ခဲ့ပါတယ်။လိုအပ်တာတွေကတော့ ကော်၊အမှိုက်အိတ်၊တိပ်၊Dress ရဲ့အထဲမှာခံဖို့အတွင်းခံနဲ့ (အတွင်းခံကရှိပြီးသားဆိုရင်မဝယ်လို့ရပါတယ်)အခြားသောတိုတိုထွာထွာလေးတွေပဲဖြစ်ပါတယ်။အိမ်ရောက်တဲ့အခါ သူက အမှိုက်အိတ်ကိုညှပ်ပြီး နှင်းဆီပွင့်တွေပုံဖော်ပါတယ်။ နှင်းဆီပွင့်အများကြီးကိုသူမဝယ်လာတဲ့ အတွင်းခံပေါ်လိုက်ကပ်လိုက်ပြီး စကပ်ရဲ့အောက်ခြေမှာလည်းလိုက်ကပ်လိုက်တဲ့အခါမှာတော့ထွက်လာတဲ့ Dress ဟာ သူမကိုယ်တိုင်တောင်မျက်လုံးပြူးလောက်အောင်လှနေပါတော့တယ်။

ဒီ DIY Dress ဟာ ပြောတော့သာလွယ်ပေမယ့် လုပ်ရတာအတော်လက်ဝင်မယ့်ပုံရှိပါတယ်။အဲ့ဒီ့ Dress ကို Amber က “လူတွေကသင့်ကို အမှိုက်ဆန်တယ်လို့ပြောခဲ့ရင် သိပ်လှတဲ့ ဂါဝန်တစ်ထည်ကိုအမှိုက်အိတ်တွေကနေပြုလုပ်ပြီး အမှိုက်ဆန်တာတောင်လှနေတုန်းပဲဆိုတာသူတို့ကိုပြလိုက်ပါ”ဆိုတဲ့ caption နဲ့ တင်ထားခဲ့ပါတယ်။ သူမရဲ့ Tutorial Video ဟာ ကြည့်ရှု့သူတစ်သန်းကျော်ရှိခဲ့ပြီးInternet အသုံးပြုသူတွေကြားမှာကြောက်ခမန်းလိလိရေပန်းစားခဲ့တဲ့ Video တစ်ခုလည်းဖြစ်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations