မှတ်လောက်သားလောက်အောင်ဆုံးမပစ်တာ။

(အချို့သော)ယောက်ျားလေးတွေဟာ မိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာနှောက်ယှက်စော်ကားမှုကိုအချိန်မရွေးနေရာမရွေး အမူအကျင့်မရွေးပြုလုပ်နေတာကြာခဲ့ပါပြီ။ကြားရတဲ့သတင်းတွေကလည်းဘတ်စ်ကားပေါ်မှာလက်သရမ်းတာကနေ Cat calling လို့ခေါ်တဲ့ ပါးစပ်သရမ်းတာတွေအထိကို အဆင့်အတန်းမဲ့စွာလူ့ကျင့်ဝတ်မဲ့စွာပြုလုပ်နေကြတာပါ။ မိန်းကလေးတွေအနေနဲ့လည်း ငြိမ်နေလို့မရဘူး တုံ့ပြန်သင်ခန်းစာပေးရမယ်ဆိုတာကိုအသိပညာမျှဝေပေးနေတဲ့လှုပ်ရှားမှုတွေလည်းများပြားလာပြီဆိုပေမယ့် မိန်းကလေးအများစုကတော့ ရှက်လို့ကြောက်လို့ကတစ်ကြောင်းရုံးရောက်ဂတ်ရောက်ဆိုရင်အလုပ်ပျက်အကိုင်ပျက်ဖြစ်မှာစိုးတာကတစ်ကြောင်း အကြောင်းကြောင်းတွေကြောင့်နှုတ်ဆိတ်နေကြဆဲပါပဲ။ ဒါပေမယ့် အမေရိကန်သူလေး Lianna Carr ကတော့ လိင်ပိုင်းဆိုင်ရာနှောက်ယှက်စော်ကားမှုကိုဘယ်လိုတုံ့ပြန်ရမလဲဆိုတာ ဥပမာပြသလိုက်ပါပြီ။

အသက် 26နှစ်အရွယ်ရှိပြီဖြစ်တဲ့ Lianna က Gym ကို စွဲစွဲမြဲမြဲကစားသူတစ်ဦးဖြစ်ပြီးPower Lifter တစ်ဦးလည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်က Lianna ဟာDublin,Ireland ကို အလည်အပတ်ရောက်ရှိနေခဲ့တာပါ။ မထင်မှတ်ပဲအဲ့ဒီ့မှာဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်တစ်ခုကြောင့် Ireland နဲ့ ပက်သက်တဲ့ Lianna ရဲ့အမြင်ဟာ အကောင်းဘက်ကချည်းပဲတော့မဟုတ်နိုင်တော့ပါဘူး။အကြောင်းကDublin ရဲ့လမ်းတစ်နေရာမှာ ယောက်ျားတစ်ယောက်ဟာ Lianna ရဲ့တင်ပါးကိုရုတ်တရက်ထိကိုင်ခဲ့တာကြောင့်ပါ။ဒါတင်မကသေးပါဘူးထိကိုင်လိုက်တဲ့လူက ရယ်ပြီးတော့ Lianna ကို “မင်းက ဒါမျိုးကြိုက်မှာပါ၊မင်းက အမေရိကန်သူပဲ”ဆိုတဲ့စော်ကားတဲ့စကားမျိုးကိုလည်းပြောဆိုခဲ့ပါသေးတယ်။အဲ့ဒီိ့အချိန်မှာ Strength trainer တစ်ဦးဖြစ်တဲ့ Lianna ဟာ ရုတ်တရက်ဒေါသတွေမွှန်ထူသွားခဲ့ပြီးသူ့ဘဝမှာတစ်ခါမှမလုပ်ဖူးတဲ့အလုပ်တစ်ခုကိုပြုလုပ်လိုက်ပါတော့တယ်။အဲ့ဒါကတော့ အဲ့ဒီိ့လူရဲ့မေးရိုးကိုခွပ်ခနဲအသံမြည်အောင်ထိုးပစ်လိုက်ခြင်းပါပဲ။

Lianna က အဲ့ဒီ့လူကိုထိုးလိုက်လို့ ယောင်သွားတဲ့ သူမရဲ့လက်ဆစ်တွေကိုဓာတ်ပုံရိုက်ပြီး Twitter မှာဖြစ်ကြောင်းကုန်စင်တင်ခဲ့ပါတယ်။အဲ့ဒီ့ပိုစ့်ဟာ 25klikes နဲ့ ကမ္ဘာအနှံ့ကိုပျံ့နှံ့သွားခဲ့ပြီး သူမပြုလုပ်လိုက်တဲ့အပြုအမူနဲ့သူမရဲ့သတ္တိကိုလူအများကဝိုင်းဝန်းချီးကျူးလျက်ရှိပါတယ်။Lianna က ဒီပို့စ်ကိုသူမနာမည်ကြီးချင်လို့ like များချင်လို့ရေးတင်ခဲ့တာမဟုတ်ကြောင်းနဲ့ဒီိလိုပျံ့နှံ့သွားတာဟာ အခြားသောအမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာနှောက်ယှက်စော်ကားမှုကိုဘယ်လိုတုံ့ပြန်ရတယ်ဆိုတာပြသပေးနိုင်သလိုဖြစ်သွားလို့ ဝမ်းသာမိကြောင်းပြောကြားခဲ့ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations