ရိုးရာဝတ်စုံတွေက နတ်ကြီးတယ်လို့ပြောရမလား

လူမျိုးတိုင်းမှာသူတို့ရဲ့ရိုးရာဝတ်စုံတွေနဲ့ပက်သက်ပြီးအလေးအမြတ်ထားမှုတွေကတော့ရှိကြစမြဲပါပဲ။ ကိုယ့်ရိုးရာဝတ်စုံကိုသူများကမဆင်မခြင်ဝတ်ဆင်ခဲ့ရင်လှလိုက်တာဆိုပြီးအကောင်းမြင်ပေးမယ့်သူမျိုးကတော့ အတော်ရှားပါတယ်။ လူအချို့အတွက်တော့အဝတ်တွေဟာအဝတ်တွေပဲလို့ဆိုနေပေမယ့်လူအချို့အတွက်က ရိုးရာဝတ်စုံတွေဟာ အထွတ်အမြတ်ထားစရာပါ။ အခုဖော်ပြမယ့် Utach နိုင်ငံသူလေးရဲ့အဖြစ်အပျက်ကလည်းအလားတူပါပဲ။ 

Utach နိုင်ငံသူလေး Keziah Daum ဟာအသက်ဆယ့်ရှစ်နှစ်အရွယ်ဆယ်ကျော်သက်လေးဖြစ်ပြီးသူမရဲ့ ဝတ်စားဆင်ယင်မှုကြောင့် အင်တာနက်ပေါ်မှာ လူတွေရဲ့မုန်းတီးကဲ့ရဲ့မှုကိုအလူးအလဲခံနေရသူတစ်ယောက်လည်းဖြစ်ပါတယ်။သူမက ကျောင်းကပွဲမှာ သူမရဲ့ကောင်လေးနဲ့အတူ တရုတ်ရိုးရာဝတ်စုံကို ကပွဲဝတ်စုံအဖြစ် ဝတ်ဆင်ခဲ့ပါတယ်။ဒါပေမယ့်သူမရဲ့ဝတ်စုံနဲ့ပက်သက်ပြီးနောက်ခံရာဇဝင်တွေကို ကောင်မလေးကလုံးဝကိုမသိခဲ့ပါဘူး။သူမရဲ့ဓာတ်ပုံတွေonline ပေါ်မှာပျံ့နှံ့သွားပြီးနောက်မှာတော့ လူတော်တော်များများနဲ့အထူးသဖြင့် တရုတ်လူမျိုးတွေဟာတရုတ်ရိုးရာကိုစော်ကားတဲ့သူအဖြစ် သူမအပေါ်အမြင်စောင်းသွားကြပါတော့တယ်။

တရုတ်လူမျိုးတွေရဲ့အမြတ်တနိုးထားရတဲ့ရိုးရာယဉ်ကျေးမှုဆိုတာကပွဲဝတ်စုံလောက်ပဲတန်ဖိုးရှိတာမဟုတ်ဘူးဆိုပြီး Kziah ကိုအကြီးအကျယ်ဒေါသထွက်နေသူတွေလည်းရှိသလိုရိုးရာယဉ်ကျေးမှုတွေဆိုတာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ မျှဝေရမယ့်အရာတွေဖြစ်ကြောင်း ဝတ်စုံတစ်စုံအတွက်နဲ့မသိနားမလည်သေးတဲ့ဆယ်ကျော်သက်ကလေးမလေးကိုဝိုင်းဝန်းပြစ်တင်နေကြတာဟာမှန်ကန်တဲ့လုပ်ရပ်မဟုတ်ကြောင်းကာကွယ်ပြောဆိုပေးနေသူတွေလည်းရှိနေပါတယ်။Keziah ကတော့ “ကျွန်မ သိပ်လှတဲ့ Dress လေးကိုတွေ့လို့ဝယ်ပြီးဝတ်ခဲ့ရုံပါပဲ။ စော်ကားသလိုဖြစ်သွားရင်တောင်းပန်ပါတယ်။ဒီလိုလှပတဲ့Dress လေးကိုဝတ်ဆင်ခွင့်ရလို့အရမ်းကိုဂုဏ်ယူမိပါတယ်”လို့  South China Morning Post သတင်းမီဒီယာကိုဖြေကြားပေးခဲ့ပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations