ချစ်စရာလေးတွေ….။

တောင်ကိုရီးယားနိုင်ငံဟာ ဗုဒ္ဓဘာသာထွန်းကားရာနိုင်ငံတစ်ခုဖြစ်ပေမယ့်လည်းတစ်နိုင်ငံလုံးကဗုဒ္ဓဘာသာချည်းပဲတော့လည်းမဟုတ်ပါဘူး။ ဒါပေမယ့် ဗုဒ္ဓဘာသာရဲ့ အနှစ်သာရဓလေ့ထုံးတမ်းအစဉ်အလာလေးတွေဟာကိုရီးယားတွေမှာရှိနေတာမြင်ရတာ ဗုဒ္ဓဘာသာဝင်တွေအတွက်တော့တကယ့်ကိုကြည်နူးစရာပါ။ 

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပခဲ့တဲ့ May22 မှာကျရောက်မယ့် ဗုဒ္ဓရဲ့မွေးနေ့အတွက်  အကြိုပြုလုပ်တဲ့ပွဲတော်တစ်ခုဖြစ်တဲ့ရဟန်းခံသာသနာပြုပွဲတော်ကို ကိုရီးယားကလေးလေးတွေက သာသနာ့ဘောင်ဝင်ပြီး ကိုရင်အဖြစ်ခံယူခြင်းနဲ့ပါဝင်ဆင်နွဲခဲ့ပါတယ်။ ဒီပွဲတော်ဟာ Seoul မြို့ Chogye ဘုံကျောင်းမှာပြုလုပ်ခဲ့တာဖြစ်ပြီးကိုရင်လောင်းလျာလေးတွေဟာ ဘုန်းတော်ကြီးတွေရဲ့ဆံချပေးခြင်းကိုခံယူခဲ့ကြပါတယ်။ သူတို့ဟာဒါကိုလက်လွတ်စပယ်လုပ်ခဲ့ခြင်းတော့မဟုတ်ပါဘူး။ကိုရင်မဝတ်ခင်မှာကိုရင်လောင်းလျာကလေးလေးတွေဟာChogye ကျောင်းတော်မှာနှစ်ပတ်တိတိနေပြီး ဗုဒ္ဓဘာသာနဲ့ပက်သက်တဲ့သိသင့်သိထိုက်တာတွေကိုအရင်သင်ယူခဲ့ကြရကြောင်းလည်းသိရပါတယ်။ လတ်တလောမှာတော့ နိုင်ငံအရပ်ရပ်က ဗုဒ္ဓဘာသာဝင်တွေဟာဒီလိုစိတ်နှလုံးကြည်နူးချမ်းမြေ့ဖွယ်သတင်းကို အချင်းချင်းဖြန့်ဝေလျက်ရှိကြပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations