အချစ်ရဲ့တွန်းအားတွေ :P

ကိုယ်ချစ်နေတဲ့ကောင်မလေးကိုရည်းစားစကားပြောဖို့ဆိုတာ ကောင်လေးတော်တော်များများအတွက်ကတော့သိပ်မလွယ်လှတဲ့အလုပ်ပါ။ အဲ့ဒီ့ကောင်မလေးက နိုင်ငံခြားသူဆိုရင်ပိုတောင်ဆိုးပါသေးတယ်။ဘာသာစကားအခက်အခဲနဲ့ ဓလေ့ထုံးစံတွေမတူညီတာနဲ့ဘာနဲ့ဆိုတော့ ဘာသာစကားတွေမတူညီတဲ့ ချစ်သူရည်းစားစုံတွဲတွေအများစုဟာနောက်ဆုံးမှာကြိုးစားညှိယူရတာပင်ပန်းလာပြီး လမ်းခွဲခြင်းနဲ့အဆုံးသတ်ကြတာများပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ဒီ ဂျပန်ကောင်လေးရဲ့ သတ္တိကိုတော့ အသိအမှတ်ပြုရပါလိမ့်မယ်။

အသက် 18 နှစ်အရွယ် ဓာတ်ပုံပညာရှင်၊Youtuber တစ်ဦးဖြစ်သူCarolin Marie ဟာ ဂျပန်ရောက်တုန်း သူမသူငယ်ချင်းတက်ရောက်နေတဲ့ အထက်တန်းကျောင်းကိုခဏဝင်ရောက်ခဲ့ပါတယ်။ အထက်တန်းကျောင်းက ကျောင်းသားကျောင်းသူအချို့နဲ့စကားခဏပြောပြီးနောက်မှာတော့ကျောင်းသားကျောင်းသူတွေက သူမကို မေးခွန်းအချို့မေးခဲ့ကြပါတယ်။ ကျောင်းသားကျောင်းသူအများစုကဂျာမန်ပြည်နဲ့ပက်သက်ပြီး သိချင်တာတွေမေးခဲ့ကြပေမယ့် ကျောင်းသားတစ်ဦးကတော့ အလာကြီိးပါ။အဲ့ဒီိ့ကျောင်းသားကသူမကိုမေးခွန်းမေးလို့ရမလားလို့မေးတော့ Carolin က ရပါတယ်၊မတ်တပ်ရပ်ပြီးမေးပါလို့ပြောခဲ့ပါတယ်၊အဲ့ဒီိမှာကိုယ်တော်ချောက သူရဲ့ရှိစုမဲ့စုတတ်သမျှမှတ်သမျှအင်္ဂလိပ်စကားတွေကို အိတ်သွန်ဖာမှောက်အသုံးပြုပြီး သူမကိုနှစ်သက်ကြောင်းအဓိပ္ပါယ်ရတဲ့စကားတွေပြောတော့တာပါပဲ။ သူပြောခဲ့တာကဒီလိုပါ။သူကသူ့သူငယ်ချင်းတွေကို လက်ညိုးထိုးပြပြီး၊ “လူကောင်းတွေရှိတယ်၊အထူးသဖြင့် ငါပေါ့၊ဒီမှာသာချစ်သူထားမယ်ဆိုရင် ဘယ်သူ့ကိုရွေးမှာလဲ”လို့ Carolin ကိုမေးခဲ့ပါတယ်။ Carolin ကလည်းရုတ်တရက်အံ့သြသွားပြီး “အကုန်လုံးကကောင်းနေတော့ ရွေးရခက်နေတယ်” လို့ဖြေခဲ့ပါတယ်။ ဒီကျောင်းသားရဲ့ကောင်မလေးကိုနှစ်သက်ကြောင်းပြဖို့အင်္ဂလိပ်ဘာသာစကားကို တတ်သမျှမှတ်သမျှဖျစ်ညှစ်ပြီး သတ္တိရှိရှိအသုံးပြုခဲ့တဲ့ဖြစ်ရပ်ဟာ သူ့အတန်းထဲကအတန်းဖော်တွေကိုသာမက တကမ္ဘာလုံးကအင်တာနက်အသုံးပြုသူတွေကိုပါ ပြုံးရယ်စေခဲ့ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations