ဝက်ဝံကဒဏ်ရာရထားတာပါတဲ့။

ခုနောက်ပိုင်းလူသားမျိုးနွယ်မှာ Selfie ရောဂါစွဲကပ်လာတာကမထူးဆန်းတော့တဲ့အဖြစ်အပျက်လို့ပဲပြောရတော့မှာပါ။ လူတွေက ဘယ်နေရာရောက်ရောက် Selfie ဆွဲဖို့လောက်ကိုပဲအာရုံရကြတော့တာပါ။သန့်စင်ခန်းထဲကအစ ဘတ်စ်ကားပေါ်အဆုံး ရောက်သမျှနေရာတိုင်းမှာ Selfie ဆွဲချင်နေကြတာပါပဲ။လူတွေကSelfie ဆွဲရတာကိုချစ်သလောက် Selfie ကတော့ လူတွေကိုကောင်းကျိုးမပေးတာများပါတယ်။ တိုက်ဝရန်တာပေါ်မှာSelfie ဆွဲရင်းနဲ့လိမ့်ကျသေဆုံးတာနဲ့၊ ကားလမ်းကူးရင်း Selfie ဆွဲလို့ ယာဉ်တိုက်မှုဖြစ်ပြီးဘဝကူးသွားတာနဲ့လှေပေါ်မယ် Selfie ဆွဲရင်း ပင်လယ်ထဲပြုတ်ကျပြီိး ဇီဝိန်ချုပ်သွားတာနဲ့ Selfie ကြောင့်ဖြစ်တဲ့သတင်းဆိုးတွေက တစ်နေ့တစ်မျိုးမရိုးရအောင်ကိုကြားနေရတာပါ။ခုလည်းတစ်ခုလာပြန်ပါပြီ။

ဒီဖြစ်ရပ်ဟာ India မှာဖြစ်သွားတာပါ။Prabhu Bhatara ဆိုတဲ့လူဟာ India နိုင်ငံ Odisha ပြည်နယ်ရဲ့သစ်တောတစ်ခုမှာ ဒဏ်ရာရထားတဲ့ ဝက်ဝံတစ်ကောင်နဲ့ပက်ပင်းတိုးခဲ့ပါတယ်။ဒါပေမယ့်Prabhu က ထွက်ပြေးရမယ့်အစား ဝက်ဝံနဲ့ Selfie ရိုက်ဖို့ကြိုးပမ်းခဲ့ပါတယ်။ သူနဲ့အတူပါလာတဲ့အဖော်တွေကတားမြစ်ပေမယ့် Prabhu က ဂရုမစိုက်ခဲ့ဘူးလို့သိရပါတယ်။ အဲ့ဒီ့မှာပဲအဖြစ်အပျက်တွေကမြန်ဆန်စွာဖြစ်သွားပါတော့တယ်။Prabhu ကို ဝက်ဝံက လှမ်းပုတ်လိုက်တာပါ၊ခွေးတစ်ကောင်က ဝက်ဝံကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမယ့်လည်းပဲPrabhu ကိုမကယ်နိုင်ခဲ့ပါဘူး။ Prabhu နဲ့ အဖော်တစ်စုဟာ မင်္ဂလာဆောင်တစ်ခုကနေပြန်လာတာဖြစ်ပြီးလမ်းမှာဒီလိုအဖြစ်ဆိုးမျိုးကြုံခဲ့ရတာဖြစ်ကြောင်းလည်းသိရပါတယ်။ သစ်တောရဲ့တာဝန်ရှိသူတွေကဝက်ဝံကိုမေ့ဆေးနဲ့ပစ်ပြီးတဲ့နောက်မှာတော့ Prabhu ရဲ့အလောင်းကိုသာရှာတွေ့ခဲ့ပါတော့တယ်။ဒီိဖြစ်ရပ်ဟာ Odisha ပြည်နယ်အတွင်းမှာ တောရိုင်းတိရစ္ဆာန်တစ်ကောင်နဲ့အတူ Selfie ရိုက်ဖို့ကြိုးစားရင်းကအသက်ဆုံးရှုံးသွားရတဲ့ ပထမဆုံးဖြစ်ရပ်တော့မဟုတ်ပါဘူး။2017 တုန်းကလည်းတစ်ခါ လူတစ်ယောက်ကဆင်တစ်ကောင်နဲ့အတူ Selfie ရိုက်ဖို့ကြိုးပမ်းရင်းအသက်ဆုံးရှုံးခဲ့ရဖူးပါသေးတယ်။

Selfie ကြောင့်ဖြစ်ရတဲ့သေဆုံးမှုတွေကိုသင်ခန်းစာယူနိုင်ကြစေဖို့ဆုတောင်းရင်း…။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations