ပိန်သေးလေးတွေအတွက်သတင်းကောင်း။

အပြိုင်အဆိုင်တွေပေါများလာတဲ့ ခေတ်ကြီးမှာ စီးပွားရေးလုပ်ငန်းရှင်တွေဟာလည်းသူတို့ရဲ့စီးပွားရေးလုပ်ငန်းအောင်မြင်ဖို့အတွက် Promotion တွေသူ့ထက်ငါ လုယက်ခါ လုပ်နေကြချိန်ပါ။တရုတ်နိုင်ငံက အစားအသောက်နဲ့အဖျော်ယမကာတွေရောင်းချတဲ့ဆိုင်တစ်ဆိုင်ရဲ့ Promotion ကတော့တစ်နိုင်ငံလုံးကိုပျံ့နှံ့သွားပြီးသတင်းတွေထဲမှာပါ ပါလာစေတဲ့ Promotion အဆန်းကြီးလို့ကိုဆိုရမှာပါ။

အဲ့ဒါကတော့ အခြားမဟုတ်ပါဘူး။ ပိန်သွယ်တဲ့သူတွေကို ဘီယာနဲ့စားသောက်စရာတွေအလကားဒါနပြုတဲ့စနစ်ပါပဲ။  စားသောက်ဆိုင်ပိုင်ရှင်ရဲ့နာမည်က Zhao Lang လို့ခေါ်ပါတယ်။Zhao ရဲ့အပြောအရ ဒီ Promotion System ဟာ လူတွေကိုသူတို့ရဲ့ နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေကိုသတိပြုမိစေချင်တဲ့ရည်ရွယ်ချက်လည်းပါကြောင်းသိရပါတယ်။ပိန်သွယ်သူတွေကို ဘီယာနဲ့စားစရာတွေအလကားကျွေးတယ်ဆိုပေမယ့် ပိန်တိုင်းရတာမဟုတ်ပါဘူး။ဆိုင်ရဲ့မျက်နှာစာက ကာရံထားတဲ့သံတိုင်တွေကြားထဲကနေ ဖြတ်သန်းဝင်ရောက်နိုင်မှသာ အလကားစားသောက်ခွင့်ရမှာဖြစ်ပါတယ်။ဖြတ်သန်းတဲ့နေရာမှာလည်း သူ့အဆင့်နဲ့သူရှိပါသေးတယ်။သံတိုင်နှစ်တိုင်ကြားက 15 cm သာကျယ်တဲ့အကျဉ်းဆုံးကြားလေးကနေ ဝင်နိုင်ခဲ့မယ်ဆိုရင် စားသောက်စရာတွေနဲ့ဘီိယာအဝသောက်သုံးလို့ရပါမယ်။18 cm ကျယ်တဲ့ဒုတိယနေရာက ဝင်နိုင်ခဲ့မယ်ဆိုရင်တော့ ဘီယာငါးဘူးပဲရမှာဖြစ်ပြီိး 25cm အကျယ်ရှိ တတိယ နေရာကဝင်နိုင်ခဲ့မယ်ဆိုရင်တော့ ဘီယာတစ်ဘူးပဲအလကားသောက်သုံးခွင့်ရှိမှာပါ။အကျယ်ဆုံး 30 cm ရှိတဲ့ ကွက်လပ်ကနေဝင်နိုင်မယ်ဆိုရင် ဘာစားသောက်စရာမှ အလကားရရှိမှာမဟုတ်ပဲ“ခင်ဗျားရဲ့ခန္ဓာကိုယ်က အနေတော်ပဲရှိတယ်၊ဒီ့ထက်ထပ်မစားသင့်တော့ဘူး”ဆိုတဲ့စာတန်းကိုသာမြင်ရမှာဖြစ်ကြောင်းလည်းသိရပါသေးတယ်။ဘယ်သံတိုင်ကြားကမှဝင်လို့မရလောက်တဲ့ခန္ဓာကိုယ်ရှိသူတွေကတော့ အကျယ်ကြီးဖွင့်ထားတဲ့ဝင်ပေါက်ကနေဝင်နိုင်မှာဖြစ်ပြီး “ခင်ဗျားအနေနဲ့ ဘီယာသောက်သင့်တယ်ဆိုတာသေချာရဲ့လား”လို့မေးထားတဲ့စာတန်းကိုမြင်ရမှာပါ။

သူ့ရဲ့ဆိုင်က သံတိုင်တွေကိုဖြတ်သန်းဖို့ကြိုးစားကြတဲ့လူအုပ်ကြီးဟာနေ့စဉ်နဲ့အမျှရှိနေပြီးအချို့ဆိုရင် အဲ့ဒီသံတိုင်တွေကိုဖြတ်နိုင်ဖို့ဆိုတဲ့ ရည်မှန်းချက်ကြီးတွေနဲ့ ဝိတ်လျှော့နေကြတာမို့Zhao ရဲ့ Promotion method ဟာ လူထုအပေါ်မှာ အတော်လေးထိရောက်မှုရှိတယ်လို့ဆိုရမှာပါ။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations