Travis Scott ကတော့ ပေါက်ကွဲရုံမျှမက မယုံသင်္ကာလည်းဖြစ်စပြုနေပြီလို့သိရပါတယ်။

Kylie ရဲ့ သမီးလေး Stormi ဟာ သူ့အဖေ Travis Scott နဲ့ လားလားမျှမတူပဲ၊လူမည်းသွေးရောစပ်ခြင်းမရှိ၊ဆံနွယ်တွေကောက်ကွေးခြင်းမရှိပဲ ပန်းနုရောင်အသားအရောင်က အာရှသွေးစပ်ထားပုံပေါက်နေတာနဲ့ပက်သက်ပြီးကလေးအဖေဟာ Travis Scott ဘယ်နည်းနဲ့မှမဖြစ်နိုင်ကြောင်း Kylie အနားမှာအမြဲတတွဲတွဲရှိနေတဲ့တောင့်တောင့်ဖြောင့်ဖြောင့် အာရှသား Bodyguard Tim Chung ပဲဖြစ်ရမယ်ဆိုတဲ့ ကောလဟလတွေနဲ့ပက်သက်ပြီးအစပိုင်းမှာ ကာယကံရှင်သုံးဦးစလုံးက လျစ်လျူရှု့ထားခဲ့ကြပေမယ့် နောက်ပိုင်းမှာ ကောလဟလတွေကထိန်းမနိုင်သိမ်းမရကြီးထွားလာခဲ့တာကြောင့်Tim Chung က သူ့ရဲ့ Instagram မှာ ဒီကိစ္စနဲ့ပက်သက်ပြီးသူ့ရဲ့ပထမဆုံးနဲ့နောက်ဆုံးဖြေရှင်းချက်ကိုတင်ထားခဲ့ပါတယ်။အဲ့ဒီဖြေရှင်းချက်ကတော့အားလုံးမျှော်လင့်ထားတဲ့အတိုင်း သူဟာ ကလေးအဖေဖြစ်ဖို့မဆိုထားနဲ့ Kylie တို့မိသားစုနဲ့အလုပ်သဘောအရ တင်းကြပ်တဲ့စည်းမျည်းအတွင်းမှာသာပက်သက်ဆက်ဆံခဲ့တာဖြစ်ကြောင်း တင်ထားခဲ့တာပါ။ဒါပေမယ့် လူတွေကတော့ သူ့ကိုမယုံကြပါဘူး။ ဒါကြောင့် Tim ရဲ့ ဖြေရှင်းချက်ဟာ စိတ်မကောင်းဖြစ်ဖွယ်ပဲအရေးမပါအရာမရောက်ခဲ့ဘူးလို့ဆိုရမှာပါ။ 

ဒါ့အပြင် အမှားတွေဟာ အင်အားကြီးမားလွန်းလာရင် အမှန်ဖြစ်သွားတတ်တယ်ဆိုတဲ့အတိုင်းပဲတစ်စတစ်စကြီးထွားလာတဲ့ ဒီိကောလဟလအရှုပ်တော်ပုံကြီိးဟာ Travis Scott ရဲ့ မိသားစုဝင်တွေကိုစိတ်အနှောက်အယှက်ဖြစ်စေခဲ့ပြီးTravis ဒီကိစ္စကိုဘယ်လောက်ပဲလျစ်လျူရှု့ထားချင်နေပါစေ သူ့ရဲ့မိသားစုဝင်တွေကတော့ ကလေးကိုDNA စစ်ဖို့ Travis ကိုတွန်းအားပေးနေကြပါပြီ။ Travis ကလည်း Tim Chung ရဲ့Instagram ပို့စ်ကိုမြင်တာနဲ့ ဒေါသူပုန်ထပြီး ကိုယ်ရေးကိုယ်တာပြဿနာတွေကိုလူသိရှင်ကြားဖြစ်အောင်လုပ်ရပါ့မလားလို့Tim ကို ဖုန်းဆက်ကြိမ်းမောင်းခဲ့တယ်လို့ In Touch Media မှာဖော်ပြထားတဲ့သတင်းတွေအရသိရပါတယ်။

ဒီကိစ္စမှာ မသင်္ကာဖွယ်ရာတိတ်ဆိတ်နေခဲ့တာကတော့ Kylie ရယ်ပါ။Kylie က ကောလဟလတွေ၊ပျံ့နှံ့နေတဲ့သတင်းတွေနဲ့ပက်သက်ပြီးဘာတုံ့ပြန်မှုမှမပြုလုပ်ခဲ့ပဲမသိဟန်ပြုနေခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ရက်က သူမရဲ့ Instagram မှာ တင်ထားတဲ့စုံတွဲပုံမှာ “Stormi’s Parents လို့ရေးထားတာကိုကြည့်ခြင်းအားဖြင့် Travis ကိုတော့အဆုံးရှုံးခံချင်ပုံမရတာကိုအထင်းသားမြင်တွေ့နေရပါတယ်။ Travis က ကလေးကို DNA စစ်ချင်တယ်ဆိုရင်ဘယ်လိုဖြေရှင်းကြမလဲ၊DNA Results ကရော ဘယ်လိုဖြစ်လာမလဲ၊ DNA စစ်တဲ့ကိစ္စအပေါ် Kylie ရဲ့ခံစားချက်တွေကဘယ်လိုဖြစ်မလဲ၊နွေးထွေးတဲ့အသိုက်အမြုံလေးတည်ဆောက်ဖို့ရာအစပျိုးမွေးဖွားလာခဲ့တဲ့ Stormi လေးဟာ နာမည်နဲ့လိုက်အောင်ကိုပဲသူမ မိဘတွေရဲ့ဘဝတွေထဲကို မုန်တိုင်းတစ်စင်းလိုတိုက်ခတ်သွားပြီးဖရိုဖရဲဖြစ်စေမလား ဒါမှမဟုတ်ဘာတွေပဲဖြစ်လာဖြစ်လာ အပြစ်မရှိတဲ့ ကလေးငယ်ကို မိဘတွေအနေနဲ့ ဆက်ချစ်ပေးမှာလား၊ဒီိအခြေအမြစ်မရှိတဲ့ကောလဟလဟာ Kylie နဲ့ Travis တို့ရဲ့ခိုင်မြဲတဲ့သံယောဇဉ်ကြိုးတွေကို အရောင်တွေစွန်းထင်းဆွေးရိသွားစေမလားဆိုတာကတော့စောင့်ကြည့်ရဦးမယ့် ပုစ္ဆာတစ်ပုဒ်ဖြစ်လို့နေပါတော့တယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations