စိတ်ကြီးတဲ့ သမ္မတကြီး…

သမ္မတတွေလည်းလူပဲဖြစ်တဲ့အတွက် ရိုးရိုးလူတွေလိုပြောဆိုပြုမူမိတဲ့အချိန်တွေလည်းရှိမှာပါ။ဒါပေမယ့် သမ္မတမှန်ရင်တော့ သမ္မတဂုဏ်ပုဒ်နဲ့ညီိအောင် ကိုယ့်လုပ်ရပ်တွေအပြုအမူတွေကိုထိန်းရမယ့်တာဝန်ကလည်းရှိနေတာအမှန်ပါပဲ။အမေရိကန်သမ္မတ Donald Trump ကတော့ စိတ်လိုက်မာန်ပါပြုမူမိတဲ့အပြုအမူအချို့အတွက်ဝေဖန်ခံနေရလေရဲ့။ 

မကြာသေးမီအချိန်တွေက Donald Trump ဟာ သူအသုံးပြုတဲ့Twitter account ကနေ သူနဲ့နိုင်ငံရေးအမြင်မတူသူတွေ၊အတိတ်မှာသူ့အပေါ်အမြင်မကြည်ဖြစ်ခဲ့သူတွေကိုထိုင် block နေကြောင်းသိရပါတယ်။ သမ္မတအနေနဲ့တော့ သူ့သဘောနဲ့သူ သူ့ကိုယ်ပိုင် socialmedia မှာ သူမကြိုက်တဲ့သူတွေကို Block တာပဲဆိုပေမယ့် ပြဿနာကဒီလောက်မရိုးရှင်းပါဘူး။ဒီကိစ္စနဲ့ပက်သက်ပြီးယမန်နေ့ ဗုဒ္ဓဟူးနေ့က အမေရိကန်ပြည်ထောင်စုရဲ့တိုင်းတရားသူကြီး Naomi Reice က သမ္မတDonald Trump အနေနဲ့ သူနဲ့အမြင်မတူသူတွေနဲ့သူ့ကိုအတိတ်မှာ ထိခိုက်ပြောဆိုဖူးသူတွေအပါအဝင်လူရာပေါင်းများစွာကိုBlock နေခြင်းဟာ အမေရိကန်နိုင်ငံရဲ့ တရားရေးပုံရိပ်ကိုထိခိုက်ကြောင်းပြောဆိုလိုက်ပါတယ်။ဒါတင်မကသေးပါဘူး သမ္မတတစ်ဦးအနေနဲ့ လူတွေကိုသဘောမတွေ့ရင်တောင်မှ Block ခွင့်မရှိကြောင်းနဲ့လူတိုင်းရဲ့ထင်မြင်ချက်ကိုနားထောင်သင့်ကြောင်း၊မကြိုက်ရင် Mute ထားနိုင်ကြောင်းပါတို်င်းတရားသူကြီး Naomi က ဥပဒေချမှတ်ထားပါတယ်။

လက်ရှိမှာတော့ ဒီဥပဒေကိုသဘောတူသူထက်မတူသူကပိုများနေတာပါ။Trump ဟာလည်း Twitter အသုံးပြုသူသာမန်လူတစ်ဦးပဲဖြစ်တာကြောင့် Twitter မှာ သူမကြိုက်သူကိုလွပ်လပ်စွာBlock ပိုင်ခွင့်ရှိကြောင်း မှတ်ချက်ချသူတွေလည်းရှိနေတဲ့အပြင် Trump ကို သာမန်လူတစ်ဦးလိုဆက်ဆံပေးလို့မရဘူးလားလို့ မေးခွန်းထုတ်သူတွေလည်းရှိလာပါတယ်။ ကြည့်ရတာ လူထုဟာ Trump ကိုတစ်လျှောက်လုံး အမြင်မကြည်ဖြစ်ခဲ့ပေမယ့်ဒီ Twitter ကိစ္စနဲ့ပက်သက်ရင်တော့ ကိုယ်ချင်းစာနာစွာ ဖေးမကာကွယ်ပြောဆိုပေးနေကြပုံပေါ်ပါတယ်။ဒီကိစ္စကို သမ္မတအိမ်တော်ကတော့ တရားဝင်သတင်းထုတ်ပြန်မှုတစ်ခုမှမပြုလုပ်သေးကြောင်းလည်းသိရပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations