Donald Trump ဟာ အင်အားကြီိးနိုင်ငံကြီးတစ်ခုရဲ့သမ္မတဖြစ်တဲ့အတိုင်း အကြောက်အလန့်လုံးလုံးမရှိပါဘူး။

မြောက်ကိုရီးယားနဲ့ အမေရိကန်နဲ့ ရှည်လျားကြာညောင်းတဲ့ ပဋိပက္ခဖြစ်မှုတွေဟာဘယ်သောအခါမှအဆုံးသတ်မလဲဆိုတာ ဘုရားမှသိမှာပါပဲ။ မကြာခင်က အမေရိကန်အိမ်ဖြူတော်ကနေ မြောက်ကိုရီးယားသမ္မတကိုလိပ်မူထားတဲ့ပြန်ကြားချက်တစ်ခုထုတ်ခဲ့ပါတယ်။အဲ့ဒီိပြန်ကြားချက်စာလွှာကတော့ အချိန်တွေအကြာကြီိးပြင်ဆင်လာခဲ့တဲ့တွေ့ဆုံမှုကို ငြင်းဆိုပယ်ဖျက်ကြောင်းစာလွှာပဲဖြစ်ပါတယ်။ 

အဲ့ဒီတွေ့ဆုံမှုဟာ နှစ်ဦးနှစ်ဖက်သဘောတူပြီးသားတွေ့ဆုံမှုဖြစ်ပြီးJune 12 ရက်နေ့မှာ ပြုလုပ်မယ့်တွေ့ဆုံမှုဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ဖြူတော်က မေလ 24 ရက်နေ့2018 ရက်စွဲနဲ့ထုတ်ပြန်လိုက်တဲ့ စာလွှာမှာ Donald Trump က တွေ့ဆုံမှုကိုပယ်ဖျက်ကြောင်းအကြောင်းကြားထားပါတယ်။ဒီလိုပယ်ဖျက်တာဟာ နှစ်ဦးနှစ်ဖက်ချစ်ကြည်ရေးအနေနဲ့ မြောက်ကိုရီးယားက အမေရိကန်ဓားစာခံအကျဉ်းသားတွေကိုလွှတ်ပေးပြီးမှတွေ့ဆုံမှုကိုပယ်ဖျက်ကြောင်းစာလွှာပို့ခဲ့တာဖြစ်တဲ့အတွက် Donald Trump က မြောက်ကိုရီးယားသမ္မတကိုလှည့်ဖြားလိုက်သလိုဖြစ်ကြောင်း ကမ္ဘာအနှံ့က နိုင်ငံရေးသုတေသီတွေကဝေဖန်လျက်ရှိတာပဲဖြစ်ပါတယ်။ 

ဒါတင်မကသေးပါဘူး။အဲဒီိ့အကြောင်းကြားလွှာမှာ DonaldTrump က ရန်စကားအချို့ကိုလည်းထည့်ရေးခဲ့ပါသေးတယ်။အဲ့ဒါကတော့ “ခင်ဗျားက ခင်ဗျားတို့နိုင်ငံရဲ့နျူကလီးယားအင်အားတွေအကြောင်းပြောတယ်။ကျုပ်တို့ရဲ့နျူကလီးယားလက်နက်တွေကတော့ သိပ်ကိုအင်အားကြီိးပြီးကြောက်စရာကောင်းလွန်းတာကြောင့် ကျုပ်အနေနဲ့အဲဒီ့လက်နက်တွေကိုအသုံးမပြုရပါစေနဲ့လို့ ဆုတောင်းမိတဲ့အထိပဲ”လို့ အဓိပ္ပါယ်သက်ရောက်တဲ့စာတစ်ကြောင်းထည့်ရေးခဲ့ပါတယ်။ဒီစာကိုသာ မြောက်ကိုရီးယားသမ္မတ ကင်ဂျုံအန်းတွေ့ရင်တော့ ဒေါသူပုန်ထမှာအသေအချာပဲမို့နျူကလီးယားလက်နက်ပိုင်တဲ့နှစ်နိုင်ငံရဲ့ ပဋိပက္ခတွေအပေါ်မှာမေးတင်ထားတဲ့ ကမ္ဘာကြီးရဲ့အနာဂတ်ကတော့ဘယ်ပုံဘယ်နည်းဖြစ်လာဦးမလဲဆိုတာ စိုးရိမ်စရာပါပဲ။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations