မြောက်ကိုရီးယားဘက်ကတော့ အခြေအနေကိုထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်နေတယ်လို့ပြောရမှာပါ။

ယမန်နေ့ မေ 24 ရက် အိမ်ဖြူတော်ကနေထွက်လာတဲ့အကြောင်းကြားလွှာဟာတစ်ကမ္ဘာလုံးကိုတုန်လှုပ်သွားစေခဲ့တာအမှန်ပါပဲ။အကြောင်းကတော့ အဲ့ဒီအကြောင်းကြားလွှာထဲမှာကာလရှည်ကြာစီစဉ်သဘောတူလာခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲကို Donald Trump က ပယ်ဖျက်ကြောင်းရေးထားလို့ပဲဖြစ်ပါတယ်။ဒါ့အပြင် ပယ်ဖျက်ရတဲ့အကြောင်းအရင်းက မြောက်ကိုရီးယားရဲ့ အမေရိကန်အပေါ်ထားတဲ့ ပမာဏကြီးမားတဲ့အမုန်းတရားနဲ့ရိုင်းပျမှုတွေကြောင့် တွေ့ဆုံဆွေးနွေးဖို့မသင့်တော်သေးကြောင်းခံစားရတဲ့အတွက်ပယ်ဖျက်ရခြင်းဖြစ်ပါတယ်လို့ဖော်ပြထားပြီး“ခင်ဗျားတို့က ခင်ဗျားတို့ရဲ့ နျူကလီးယားအင်အားအကြောင်းပြောပေမယ့် ကျုပ်တို့ရဲ့နျူကလီးယားအင်အားတွေကကြီိးမားပြီးအင်အားကောင်းလွန်းတာကြောင့်ကျူပ်အနေနဲ့ အဲဒီလက်နက်တွေကိုဘယ်တော့မှ အသုံးမပြုရပါစေနဲ့လို့ဆုတောင်းရတဲ့အထိပဲ”ဆိုတဲ့ရန်စကားအဓိပ္ပါယ်သက်ရောက်တဲ့စကားတစ်ခွန်းပါထည့်သွင်းပြောကြားထားတဲ့အတွက် မြောက်ကိုရီးယားသမ္မတကင်ဂျုံအန်းသာတွေ့ရင် ဒေါသူပုန်ထမှာသေချာတာကြောင့် ကမ္ဘာကြီးရဲ့အနာဂတ်အတွက်ကစိုးရိမ်စရာအခြေအနေကိုနေ့တွင်းချင်းသက်ဆင်းသွားခဲ့တာပါ။

အဲဒီိ ကြေငြာချက်ထွက်လာအပြီးနောက်ရက်ဖြစ်တဲ့ မေ 25 ရက်2018 မှာ မြောက်ကိုရီးယားဘက်က အကြောင်းကြားလွှာပြန်ထွက်လာခဲ့ပါတယ်။ အဲဒီ့မှာရေးထားတာကတော့မြောက်ကိုရီးယားအနေနဲ့ အမေရိကန်နဲ့ဒေါ်နယ်ထရန့်ကိုသိစေချင်တာကတော့ ကင်ဂျုံအန်းက ဒေါ်နယ်ထရန့်ကိုအချိန်မရွေးတွေ့ဆုံဆွေးနွေးပြီး နှစ်နိုင်ငံကြားဖြစ်တည်နေတဲ့ ပဋိပက္ခတွေကိုတတ်နိုင်သမျှရှင်းလင်းသွားဖို့အဆင်သင့်ပဲဆိုတဲ့အကြောင်းကြားချက်ပဲဖြစ်ပါတယ်။လက်ရှိအခြေအနေအရ Donald Trump က တွေ့ဆုံဆွေးနွေးဖို့ငြင်းဆန်လိုက်ပေမယ့် Kim JongUn က တော့ တွေ့ဆုံဖို့ဆန္ဒရှိဆဲဖြစ်တာမို့ အခြေအနေကသိပ်အဆိုးရွားကြီးမဟုတ်သေးဘူးလို့ပဲပြောရမှာပါ။နျူကလီးယားလက်နက်တွေကိုယ်စီကိုင်ဆောင်ထားကြတဲ့နိုင်ငံနှစ်နိုင်ငံရဲ့ပဋိပက္ခဟာ ကမ္ဘာကြီးကိုဘယ်လိုအကျိုးသက်ရောက်မှုတွေပေးလာမလဲဆိုတာတော့ဘုရားတရင်းနဲ့စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations