ဂျပန်တွေကတော့ လုပ်ချလိုက်ပြန်ပြီ :3

ဂျပန်ဆိုသည်မှာလည်း အာရှမှာ အပြာရောင်သန်းတဲ့ နယ်ပယ်နဲ့နာမည်ကြီးလာသူလေးပါ။ ရုပ်ရှင်နယ်ပယ်ကိုကြည့်မလား၊သီချင်းနယ်ပယ်ကိုကြည့်မလား။ဂျပန်တွေဟာအာရှမှာအပြာရောင်အသန်းဆုံး ပွင့်လင်းမြင်သာမှုအရှိဆုံး လို့တောင် အနောက်တိုင်းသားတွေရဲ့မှတ်ချက်ပြုခြင်းခံရတဲ့အခြေသတင်းကြီးတဲ့ ဂျပန်ရယ်ပါ။ ခုလည်း ဂျပန်ဒီဇိုင်နာတစ်ဦးရဲ့ ဈေးနှုန်းသက်သာတဲ့fashion line တစ်ခုဖြစ်တဲ့ Uniqlo ကနေ အသစ်ထွက်ရှိလာတဲ့ အမျိုးသားဝတ်ဘောင်းဘီိဒီဇိုင်းဟာဆိုရင်ဖြင့်အဆန်းကြီိးဖြစ်တာမို့ အနယ်နယ်အရပ်ရပ်မှာရေပန်းစားနေရပြန်ပါပြီ။

ဒီဇိုင်နာအမည်ကတော့ Kim Jones ဖြစ်ပါတယ်။ သူ့ရဲ့ဒီိဇိုင်းတော်တော်များများဟာဝတ်လို့အဆင်ပြေတဲ့အပြင် ဈေးလည်းသက်သာတာမို့ လူတွေအကြိုက်တွေ့နေကြတာပါ။ဒါပေမယ့် နောက်ဆုံးထွက်ရှိလာတဲ့အမျိုးသားဝတ်ဘောင်းဘီဒီဇိုင်းကြီိးကတော့..အဲ…တစ်မျိုးကြီးလို့ဆိုရမှာပါပဲ။ သူ့ရဲ့ဒီဇိုင်းမှာ သူများတွေနဲ့ကွဲထွက်ပြီးထင်းနေသလိုလူပြောစရာဖြစ်နေတာကြီးကတော့ အထူးပြုလုပ်ထားတဲ့ Fashion Design ဖြစ်တဲ့ ဘောင်းဘီဇစ်ကိုဖုံးပြီးအပြင်ကတစ်ထပ်ထပ်ချုပ်ထားတဲ့အဝတ်အပိုင်းအစရဲ့ပုံသဏ္ဍာန်နဲ့သူ့ရဲ့အရောင်ပဲဖြစ်ပါတယ်။သူက ဇစ်ကိုဖုံးထားတာကြောင့်အမျိုးသားအင်္ဂါရဲ့အလည်တည့်တည့်မှာရောက်နေပြီးဘောင်းဘီိတစ်ခုလုံးရဲ့အရောင်နဲ့ကွဲထွက်နေအောင် သူ့ရဲ့အရောင်ကိုတောက်ပတဲ့အရောင်တွေနဲ့သီိးသန့်ပြောင်းပေးထားတာကြောင့်မြင်လိုက်တာနဲ့အဲ့ဒီနေရာကထင်းခနဲဖြစ်နေမှာဖြစ်ပြီးလူတွေရဲ့စိတ်ဝင်စားမှုကိုရစေမှာပါ။ 

ဘယ်လိုပဲဖြစ်ဖြစ် ဂျပန်အမျိုးသားတော်တော်များများကတော့ဒီဘောင်းဘီိဒီဇိုင်းအဆန်းကြီိးကို ဝတ်ဖို့အရေးကိုရှက်ရွံ့နေကြပြီး ဒီိဘောင်းဘီဟာ ရှက်ဖို့ကောင်းတယ်ဆိုတဲ့ဝေဖန်မှုတွေလည်းအများအပြားရှိနေတာပဲဖြစ်ပါတယ်။ဘယ်လိုပဲဝေဖန်မှုတွေရှိနေပါစေဘောင်းဘီတွေကတော့ ဈေးကွက်ထဲမှာစတင်ရောင်းချနေပါပြီိ။ တစ်ထည်ကို ဒေါ်လာ 9 ဒေါ်လာမို့မြန်မာငွေ တစ်သောင်းကျော်တယ်ဆိုရုံပဲရှိမှာဖြစ်ပြီး ဈေးနှုန်းအားဖြင့်သင့်တင့်တယ်လို့ဆိုနိုင်ပါတယ်။ဝတ်ချင်သူ Fashion killer များ Kim Jones ရဲ့ website ကနေ တိုက်ရိုက်မှာယူလို့ရပါတယ်နော်:P 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations