စိတ်လိုက်မာန်ပါမလုပ်ကြနဲ့နော်။တရားစွဲခံရမယ် :P

အမေရိကန်သမ္မတ Donald Trump ဟာ ပြီးခဲ့တဲ့ မေလက သူ့ရဲ့ကိုယ်ပိုင်Twitter Account မှာ သူနဲ့နိုင်ငံရေးအမြင်မတူသူတွေကို ပုဂ္ဂလိကခံစားချက်နဲ့ Block ခဲ့ပါတယ်။ဒီကိစ္စနဲ့ပက်သက်ပြီး Social Media တွေမှာလည်း ကိုယ့်ကိုယ်ပိုင်account ကို ကိုယ်ကြိုက်သလိုBlock မှာပေါ့ဆိုတဲ့လူတွေကတစ်ဖက် သမ္မတဖြစ်နေလို့ စိတ်လိုက်မာန်ပါ block လို့မရဘူးလေလူကြီးလူကောင်းဆန်ရမယ် ဆိုသူတွေကတစ်ဖက်နဲ့တော်တော်လေးဟိုးလေးတကျော်ဖြစ်သွားခဲ့သေးတာပါ။နောက်ပိုင်းမှာ အမေရိကန်နိုင်ငံရဲ့နိုင်ငံတော်တရားရုံးက ပြည်နယ်နှင့်တိုင်းဒေသကြီိးတရားသူကြီိးNaomi Buchwald က Trump ဟာ သမ္မတတစ်ဦးဖြစ်နေပြီိး Trump ရဲ့ account ဟာ လူအများနဲ့သက်ဆိုင်တဲ့account ဖြစ်နေတဲ့အတွက် လူတွေကိုသူတို့ရဲ့ နိုင်ငံရေးအမြင်မတူမှုကြောင့်စိတ်လိုက်မာန်ပါblock ခွင့်မရှိ ဆိုတဲ့ ဥပဒေချမှတ်လိုက်ပါတယ်။ 

အဲ့ဒီတုန်းက Block ခံရသူတွေထဲမှာတစ်ဦးအပါအဝင်ဖြစ်တဲ့အာရှ-အမေရိက နွယ်ဖွား ဆရာဝန် Eugene Gu ဆိုသူဟာ သူ့လိုပဲအတူတူ block ခံခဲ့ရတဲ့ သူငယ်ချင်းတွေနဲ့အတူDonald Trump ကိုတရားစွဲဆိုခဲ့ပါတယ်။ Eugene က Donald Trump ရဲ့ account မှာ မူဆလင်လူမျိုးတွေကိုခရီးသွားလာခွင့်ပိတ်ပင်ခြင်းနဲ့ပက်သက်ပြီး အတိုက်အခံ comment မန့်ခဲ့ပါတယ်။အဲ့ဒီcomment ဟာ like 2k ရပြီိး ပျံ့နှံ့သွားခဲ့ပါတယ်။အဲ့ဒီ့နောက်ပိုင်းသိပ်မကြာခင်မှာပဲTrump က သူ့ကို Block သွားခဲ့တာပါ။ Eugene က Donald Trump ကိုတရားစွဲဆိုရာမှာ အနိုင်ရရှိခဲ့ပါတယ်။အနိုင်ရပြီးနှစ်ပတ်အကြာမှာတော့ Trump က Eugene ကို unblocked ပြန်လုပ်ပေးခဲ့ကြောင်းသိရပါတယ်။Eugene ကတော့ သမ္မတကိုယ်တိုင်တောင်မှ နိုင်ငံတော်ရဲ့ဥပဒေကို လွန်ဆန်နိုင်ခြင်းမရှိကြောင်းစိတ်ချယုံကြည်စွာသိရလို့ဝမ်းမြောက်မိကြောင်း သူ့ရဲ့ account မှာရေးသားထားခဲ့ပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations