လေးဆယ့်ငါးမိနစ်စာတွေ့ဆုံပွဲအပြီးမှာ ချစ်ခင်ရင်းနှီိးသွားကြတာဖြစ်ပုံပါပဲ။

ပြီးခဲ့တဲ့ တနလာင်္နေ့ညက မြောက်ကိုရီးယားသမ္မတ Kim JongUn နဲ့ အမေရိကန်သမ္မတ Donald Trump တို့ဟာ အချိန်ကြာမြင့်စွာစီစဉ်လာကြတဲ့ တွေ့ဆုံပွဲကိုSingapore’s luxury Capella Hotel မှာပြုလုပ်ခဲ့ကြပါတယ်။ ဒီတွေ့ဆုံပွဲကိုပြုလုပ်ဖို့ဆိုတာအခက်အခဲပေါင်းများစွာအရှုပ်အထွေးပေါင်းများစွာကိုကျော်ဖြတ်ခဲ့ရတာဖြစ်ပြီး နှစ်နိုင်ငံအကြားအထင်အမြင်လွဲမှားမှုတွေလည်းများစွာရှိခဲ့တာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့မေလမှာ Donald Trump ရဲ့ အိမ်ဖြူတော်သမ္မတရုံးက မြောက်ကိုရီးယားသမ္မတကိုဦးတည်တဲ့စာတစ်စောင်ထုတ်ပြန်ခဲ့ပြီးအဲဒီစာထဲမှာဒီတွေ့ဆုံပွဲကိုသူ့ဘက်ကအချိန်အကန့်အသတ်မရှိရွှေ့ဆိုင်းကြောင်းနဲ့ အဲ့ဒါကိုမှ KimJong Un က တွေ့ချင်စိတ်ရှိသေးတယ်ဆိုရင်အကြောင်းပြန်ဖို့ပါရှိပါတယ်။ဒီလိုတင်စီးတဲ့ ထုတ်ပြန်လွှာကိုKim က လက်ခံခဲ့ပြီးတွေ့လိုစိတ်ရှိသေးကြောင်း ပြန်လည်အကြောင်းကြားခဲ့တာမို့ဖြစ်ပေါ်လာရတဲ့တွေ့ဆုံပွဲလည်းဖြစ်ပါတယ်။ 

တွေ့ဆုံပွဲမစခင်မှာ Trump က “လူကြီးမင်းနဲ့တွေ့ဆုံရတာ ဂုဏ်ယူဖွယ်ပါပဲ။ကျုပ်တို့အတူလက်တွဲပြီးအောင်မြင်နိုင်မှာပါ။ပြဿနာကြီးတွေကိုအတူဖြေရှင်းကြမယ်၊အထင်လွဲမှားမှုတွေကိုဖြေရှင်းလို့ရနိုင်တဲ့အခြေအနေအထိအတူဖြေရှင်းကြဖို့ ဆန္ဒရှိပါတယ်၊ကျုပ်တို့ဖြေရှင်းအောင်မြင်နိုင်မယ်လို့လည်းယုံကြည်ချက်ရှိတယ်။လူကြီးမင်းနဲ့အတူလက်တွဲဆောင်ရွက်သွားဖို့မျှော်လင့်နေပါတယ်”လို့နှုတ်ခွန်းဆက်ခဲ့သလို Kim ကလည်း သူ့ရဲ့ ဘာသာပြန်သူကနေတစ်ဆင့် “ကျွန်တော်တို့ဒီိအခြေအနေကိုရောက်လာဖို့အမျိုးမျိုးသော သံသယတွေ တွက်ဆမှုတွေကိုကျော်လွှားခဲ့ရတယ်။ကျွန်တော်ကတော့ အခုတွေ့ဆုံပွဲဟာကောင်းမွန်တဲ့ငြိမ်းချမ်းရေးကိုရှေးရှုကြောင်းယုံကြည်ပါတယ်”လို့တုံ့ပြန်ခဲ့ပါတယ်။ 

ဒီ့နောက်မှာတော့ ကင်မရာတွေပိတ်ခဲ့ကြရပြီး Donald Trumpနဲ့ Kim Jong Un တို့ဟာ ဘာသာပြန်သူတွေမှတစ်ပါး နှစ်ယောက်တည်းတံခါးပိတ်ဆွေးနွေးပွဲကိုလေးဆယ့်ငါးမိနစ်ကြာပြုလုပ်ခဲ့ကြပါတယ်။ တစ်ကမ္ဘာလုံးကရင်တထိတ်ထိတ်နဲ့စောင့်နေခဲ့ကြရတဲ့အင်အားကြီးနိုင်ငံကြီးနဲ့ နျူကလီးယားလက်နက်ကိုင်ဆောင်တဲ့နိုင်ငံရဲ့ တံခါးပိတ်ဆွေးနွေးပွဲကြီးဟာအောင်မြင်စွာပြီးဆုံးသွားခဲ့ပုံပါပဲ။ဆွေးနွေးပွဲအပြီးမှာ media တွေက Donald Trump ကိုအခြေအနေစနည်းနာကြည့်ရာမှာတော့Donald Trump က “အခြေအနေကသိပ်ကိုကောင်းပါတယ်။သိပ်ကောင်းတယ်။ကျုပ်နဲ့ Kim Jong Un ရဲ့ဆက်ဆံရေးဟာသိပ်ကိုရင်းနှီးကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုဖြစ်နေပါပြီ”လို့ ပြောကြားခဲ့ပါတယ်။

Kim ကတော့.. “ဒီအထိရောက်လာဖို့ဆိုတာသိပ်ပြီးလွယ်ကူခဲ့တာတော့မဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့သမိုင်းမှာကံမကောင်းအကြောင်းမလှစွာတစ်ဦးကိုတစ်ဦးနားမလည်နိုင်ခဲ့တာတွေရှိပါတယ်။ဒါပေမယ့်ကျွန်တော်တို့အားလုံးကိုကျော်ဖြတ်ခဲ့ပါပြီ”လို့ပြောကြားထားပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations