ဟာသတွေလည်းပြောတတ်တဲ့ Trump ကြီးပါပဲ။

ပဋိပက္ခပေါင်းများစွာကို ရင်တမမနဲ့ကျော်လွှားခဲ့ရပြီိး နှစ်ဖက်စလုံးကမာနတွေတတ်နိုင်သလောက်ချပြီး ကြိုးစားပြုလုပ်ခဲ့ရတဲ့ North Korean President KimJong Un နဲ့ USA president Donald Trump တို့ရဲ့ Singapore summit ကြီးဟာဆိုရင်ဖြင့်ချစ်ကြည်ရင်းနှီးစွာပဲပြီးဆုံးသွားခဲ့ပါပြီိ။ ဒီလိုခက်ခက်ခဲခဲပြုလုပ်ခဲ့ရတဲ့ တွေ့ဆုံဆွေးနွေးပွဲကြီးဖြစ်လေတော့နှစ်ဖက်စလုံးကနိုင်ငံ့ခေါင်းဆောင်တွေဟာ စိတ်ချမ်းသာနေပုံရပါတယ်။ Donald Trump ဟာလည်းအလွန်ပျော်ရွှင်ပေါ့ပါးနေဟန်ရှိပြီး နေ့လည်စာစားချိန်မှာ ရယ်ရယ်မောမောနဲ့ဟာသအနည်းငယ်ပြောခဲ့ပါသေးတယ်။

Summit မှာ Donald Trump နဲ့ Kim Jong Un တို့ဟာ နှစ်နိုင်ငံစလုံးကနိုင်ငံရေးအကြီးအကဲတွေနဲ့အတူနေ့လည်စာအတူစားဖို့ပြင်ဆင်နေချိန်မှာ Trump က ဓာတ်ပုံတဖျတ်ဖျတ်ရိုက်နေကြတဲ့ဓာတ်ပုံဆရာတွေကိုKim Jong Un ကို ဓာတ်ပုံထဲမှာ ပိန်သွယ်ပြီးကြည့်ကောင်းချောမောအောင်ပြုလုပ်ပေးဖို့ ပြောဆိုခဲ့ပါတယ်။ကျန်တဲ့အကြီးအကဲတွေနဲ့ ဓာတ်ပုံဆရာတွေကပြုံးရယ်ကြပေမယ့် Kim Jong Un ကတော့ ဘာမှန်းသေချာသိလိုက်ပုံမပေါ်ပါဘူး။Trump ရဲ့ဟာသကြောင့် ကင်မရာတွေက Kim Jong Un ဘက်ကိုလှည့်သွားချိန်မှာ Kim က ကြောင်အန်းအန်းခပ်တည်တည်မျက်နှာထားနဲ့ပဲရှိနေတာတွေ့ရပါတယ်။ဒီ Video ကိုတွေ့မိတဲ့ အင်တာနက်အသုံးပြုသူတွေကတော့ Kim က ဟာသကိုဟာသလိုမမြင်ပဲစိတ်ဆိုးသွားပြီးနှစ်နိုင်ငံဋိပက္ခတွေပြန်ဖြစ်မှာစိုးရိမ်နေကြပါတယ်။ စရနောက်ရတာဝါသနာပါတဲ့ အမေရိကန်သမ္မတကြီးပါပဲ။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations