မထင်မှတ်ထားတာတွေကလည်း ကိုယ့်ကလေးရဲ့အသက်ဇီဝိန်ကိုနှုတ်ယူသွားနိုင်ပါတယ်။

ကလေးတစ်ယောက်ကိုကောင်းမွန်စွာကြီးပြင်းအောင်ပြုစုပျိုးထောင်ရတယ်ဆိုတာမလွယ်ပါဘူး။သူ့အလိုလိုတောင်မလွယ်ရတဲ့အထဲမယ် ဒီလိုပြင်ပကအန္တရာယ်ပေါင်းစုံကလည်းစောင့်ကြိုနေပါသေးတယ်။ကလေးတွေဆိုတာ ငယ်စဉ်မှာမိဘကိုသာအားကိုးအားထားပြုနေရတဲ့အတွက်မိဘကများတစ်ချက်သတိလစ်လိုက်ရင်ဘဝကသွားတာပါပဲ။ဒါကြောင့် တရုတ်နိုင်ငံမှာဖြစ်သွားတဲ့ ကံဆိုးမိုးမှောင်ကျမှုကြီးကိုယ့်ကလေးမှာမဖြစ်အောင်မိဘတိုင်းသတိထားဖို့လိုအပ်ပါတယ်။

ဒီကြောက်မက်ဖွယ်မတော်တဆမှုဟာ မကြာသေးမီကပဲ တရုတ်နိုင်ငံရဲ့Shopping Mall တစ်ခုအတွင်းမှာ ဖြစ်ပွားခဲ့တာပါ။ ကံဆိုးမိုးမှောင်ကျမှုကြီးဟာ Kunkunဆိုတဲ့တစ်နှစ်သားကလေးငယ်လေးက သူ့အဖိုးဖြစ်သူရဲ့လက်ထဲကနေရုန်းထွက်ပြီး စက်လှေကားရှိရာကိုပြေးသွားတဲ့အခိုက်အတန့်မှာစတင်ခဲ့တော့တာပါပဲ။ ကလေးဟာ ချော်လဲကျသွားပြီး ကလေးရဲ့ရွှေပန်းလေးဟာစက်လှေကားရဲ့လှေကားထစ်တွေကြားမှာညပ်နေခဲ့ပါတယ်။အဖိုးဖြစ်သူက Kunkun လေးရဲ့အဖြစ်ကိုမြင်လိုက်ရတာနဲ့စက်လှေကားရဲ့အရေးပေါ်ခလုတ်ကိုနှိပ်ပြီး အကူအညီိတောင်းခဲ့ပါတယ်။ ဒီ့နောက်မှာတော့Kunkun လေးကို Wuhan ကလေးဆေးရုံကို ဒရောသောပါးပို့ဆောင်ခဲ့ကြပါတယ်။

ကလေးရဲ့တာဝန်ခံဆရာဝန် Dr.Wang Jun ရဲ့ပြောကြားချက်အရ ကလေးဟာဆေးရုံကိုအချိန်မီရုံလေးပဲရောက်လာတာလို့ဆိုပါတယ်။ဒီ့ထက်နောက်ကျသွားရင်ဒီအဖြစ်ဆိုးကြီးဟာ Kunkun လေးအသက်ကြီိးလာတဲ့အခါမျိုးပွားဆဲလ်တွေမထွက်နိုင်တော့အောင်ဒုက္ခပေးမလားမသိဘူးလို့ဆိုပါတယ်။ကလေးကိုအမြန်ဆုံးနည်းနဲ့ခွဲစိတ်ကုသပေးခဲ့တဲ့နောက်မှာတော့ Kunkun ဟာ ကံကြီးပေလို့ သေကံမရောက်ပဲအသက်ချမ်းသာရာရခဲ့ပါတယ်။ကလေးဆေးရုံကိုရောက်လာသမျှကလေးတွေထဲမှာ ကလေးငါးယောက်မှာသုံးယောက်လောက်ကဒီလိုပဲ စက်လှေကားတွေမှာညပ်ပြီးရောက်လာကြတာချည်းပဲလို့Dr.Wang က ပြောကြားခဲ့ပါသေးတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations