ဘာစားရင်ကောင်းမလဲ…

မုန့်တွေစားတယ်ဆိုတာလည်း သူ့ပညာနဲ့သူရှိပါတယ်။ဘယ်ရာသီိဥတုမှာဘယ်လိုဟာမျိုးကိုစားရင်ခန္ဓာကိုယ်ကိုယ်ရောစိတ်ကိုပါကောင်းကျိုးပြုသလဲဆိုတာမျိုးပေါ့။ ဥပမာ နွေရာသီမှာ မုန့်တီိပူပူလောင်လောင်ကြီးသောက်လို့မကောင်းသလိုဆောင်းတွင်းချမ်းချမ်းစီိးစီးကြီးမှာ ရေခဲမုန့််ထိုင်စားလို့မကောင်းသလိုပေါ့။

မုန့်စားခြင်းအနုပညာဆိုပြီးစာအုပ်ထုတ်ရင်ကောင်းမလား :P

မိုးလေးအေးအေးမှာစားလို့ကောင်းပြီး လူကိုဥပါဒ်မဖြစ်စေတဲ့အရာလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

စမူဆာ

စမူဆာ

မိုးတွေဝုန်းဒိုင်းကြဲရွာနေချိန်မှာ စမူဆာပူပူနွေးနွေးလေးကိုဘိတ်ချဉ်လို့ခေါ်တဲ့ ရှာလကာရည်နဲ့ပဲငံပြာရည်ရောထားတဲ့အချဉ်လေးနဲ့တွဲဖက်ပြီိး တစ်လုပ်ကယ်ဝဝစားလိုက်ရရင်ဖြင့်အာဂပါးစပ်..အဲလေ ယောင်သွားပြီ။ စမူဆာပူပူလေးကိုမိုးတွေရွာချိန်မှာစားရတာ feel ပါပဲ။မယုံရင်စားကြည့်ပါ။သန့်တဲ့ဆိုင်ကစမူဆာဖြစ်ဖို့တော့လိုတာပေါ့နော်။မဟုတ်ရင်မိုးအေးအေးမှာ အိမ်သာနဲ့ဝမ်းဆက်ဖြစ်နေမယ်။ 

ပြောင်းဖူးမီးဖုတ်

ပြောင်းဖူးမီးဖုတ်

ပြောင်းဖူးတင်မကပါဘူး ပဲမြစ်မီးဖုတ်တို့ ဘာတို့အကုန်စားလို့ရပါတယ်။ပြောင်းဖူးလေးကို မဆိုစလောက်ကလေးမီးမြှိုက်ပြီိး မဆလာနဲ့ငရုတ်ကောင်းမှုန့်အနည်းငယ်အပေါ်ကဖြူးပြီးစားရတဲ့အရသာဟာဘာဘာဘာနဲ့မှမလဲနိုင်ဘူးဆိုသလိုပါပဲ။ အများကြီးတော့မစားနဲ့နော်၊ရင်ပြည့်ရင်ကယ်ဖြစ်လိမ့်မယ်။

တိုရှည်

တိုရှည်

ဒါကတော့ ညနေလေးနာရီလောက်မှာ လမ်းထိပ်ကဆိုင်လေးကိုထွက်ပြီးတရှဲရှဲနဲ့တိုရှည်တွေလုပ်နေတဲ့ အိန္ဒိယအမျိုးသမီးအန်တီကြီးရဲ့နားမှာစောင့်ဆိုင်းရင်းတိုရှည်လေးကိုပဲရည်နဲ့တို့တို့စားလိုက်ရချိန်မှာ ဆိုင်ပြင်ကမိုးဖွဲလေးတွေကိုကြည့်ရင်းချစ်သူလေးပါရင် ချစ်သူလေးနဲ့ရယ်မောရင်းပေါ့။ စားကြည့်ပါ။ပျော်ဖို့ကောင်းပါတယ် (အိုင့်ကိုရည်းစားရှိတယ်လို့ထင်သွားကြပြီ။SoMuchh Win!!!! ) 

အကြော်စုံ

အကြော်စုံ

မိုးတွေဝုန်းဒိုင်းကြဲချနေချိန်မှာ အပြင်ကပြန်လာတဲ့အဖေကသူ့တစ်ကိုယ်လုံးစိုရွှဲနေတာတောင်မှ သမီးကြိုက်တဲ့အကြော်စုံထုပ်လေးကို လွယ်အိတ်အနွမ်းလေးထဲထည့်ပြီးပြန်လာတတ်တဲ့ပုံလေးကို မြင်ယောင်နေသေးတယ်။ဘယ်လောက်ပဲမိုးတွေရွှဲရွှဲ လွယ်အိတ်လေးကိုအဖေကရင်ဘတ်မှာကျစ်ကျစ်ပါအောင်ပိုက်ထားတာမို့ အကြော်စုံလေးက အနွေးဓာတ်မပြယ်သေးဘူးလေ။ ကောင်းလားသမီး…လို့အဖေကမေးတော့အရမ်းကောင်းတယ်လို့ပလုပ်ပလောင်းနဲ့ပြန်ဖြေတဲ့သမီးကိုအဖေကခေါင်းပုတ်ရင်း “အဖေက မေတ္တာတွေနဲ့ဝယ်လာတာကိုး”လို့ပြန်ပြောတတ်တဲ့ ငွေကြေးနွမ်းပါးပေမယ့် မေတ္တာတရားချမ်းသာတဲ့စာရေးဆရာအဖေတစ်ယောက်ကိုယ့်မှာရှိခဲ့တယ်။အဲ့ဒါနဲ့ဒါနဲ့တော့ဘာမှမဆိုင်ပါဘူး။ ဒါပေမယ့် အကြော်စုံကမိုးရေထဲမှာဆို ပိုအရသာရှိတယ်မဟုတ်လား။ 

ခေါက်ဆွဲပြုတ်

ခေါက်ဆွဲပြုတ်

Yayy….. မပါမဖြစ်အချစ်တော်ကြီိးကတော့ ခေါက်ဆွဲပြုတ်ပါပဲ။မိုးတွေအုန်းဒိုင်းကြဲနေချိန်မှာ ခေါက်ဆွဲပြုတ်ပူစပ်ကလေးကဘယ်လောက်အရသာရှိလဲဆိုတာ လူတိုင်းနီိးပါးသိကြပါတယ်။ဒါပေမယ့် နေ့တိုင်းတော့မစားသင့်ဘူးနော်။ တစ်ခါတစ်လေ နှစ်ထုပ်လောက်ပူးပြုတ်ပြီိးTV ရှေ့မှာအားရှိပါးရှိထိုင်စားခဲ့တဲ့ရက်တွေကိုသတိရနေသေးတယ်။ 

ဒါတွေကတော့ မိုးရာသီိမှာစားလို့ကောင်းမယ့် သွားရေစာတွေပါ။ယူတို့ရော..မိုးရာသီမှာဘာစားရတာကြိုက်လဲ..ကောင်းတာလေးတွေရှိရင်လက်တို့ခဲ့ဦးနော်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations