ပူစီလေးရဲ့သိတတ်မှုက မျက်ရည်ဝဲစရာပါပဲ။

လူတွေကကြောင်တွေနဲ့ခွေးတွေဆိုရင် ခွေးတွေကသစ္စာရှိကြပြီးကြောင်တွေက ဘာသိဘာသာနေတတ်တာမို့ ခွေးတွေလောက်သစ္စာမရှိဘူးလို့ထင်နေတဲ့မှားယွင်းတဲ့အမြင်ဟာအမှန်တရားနဲ့ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေကြောင်း “Enong”လို့ ခေါ်တဲ့ပူစီိလေးက သူ့အသက်နဲ့ရင်းပြီးသက်သေပြလိုက်ပါပြီိ။ 

ဒီိဖြစ်ရပ်ဟာ တရုတ်နိုင်ငံမှာဖြစ်ပွားခဲ့တာပါ။ တရုတ်နိုင်ငံChanggang ရွာမှာ June လ 15 ရက်နေ့က ပြင်းထန်တဲ့ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဲဒီလိုပေါက်ကွဲမှုဖြစ်ပွားခဲ့စဉ်ကပူစီ Enong ရဲ့ သခင်ဖြစ်သူ အသက် 27 နှစ်အရွယ် လူတစ်ယောက်ဟာ သူနေထိုင်ရာ ခုနစ်ထပ်ကနေခုန်ချသွားခဲ့ပြီးခုချိန်အထိသေသည်ရှင်သည်မသိရသေးပါဘူး။ ပေါက်ကွဲမှုကြောင့် လူ 16 ယောက်ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ဒါကဒီိဖြစ်ရပ်ရဲ့အစပဲရှိပါသေးတယ်။ ပေါက်ကွဲမှုအပြီးလေးရက်အကြာမှာ ကျိုးပဲ့ပျက်စီးနေတဲ့ပစ္စည်းအဟောင်းအနွမ်းပုံတွေအနားဝရန်တာလက်ရန်းပေါ်မှာ ထီးထီးကြီးထိုင်နေတဲ့ ကြောင်တစ်ကောင်ကို zိခိုက်ဒဏ်ရာရထားပုံပေါ်ပြီးသူ့ရဲ့အိမ်ခန်းကိုစွန့်ခွာဖို့ငြင်းဆန်လျက်ရှိပါတယ်။ ဝရန်တာကခုန်ချသွားတဲ့သခင်ပြန်အလာကိုဝရန်တာလက်ရန်းပေါ်မှာပဲအသာအယာဝပ်ပြီိးစောင့်နေပုံပါပဲ။ပူစီရဲ့ ဓာတ်ပုံတွေအင်တာနက်မှာပျံ့နှံ့သွားပြီးနောက်ပိုင်းမှာတော့တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့က ကြောင်ကိုရအောင်သယ်ချပြီးဆေးကုသပေးခဲ့ပါတယ်။ 

သနားစရာပူစီခမျာ မီးခိုးငွေ့တွေအလွန်အကျွံရှုရှိုက်မှုကြောင့်အဆုတ်ဝေဒနာဖြစ်နေပြီး ခန္ဓာကိုယ်အနှံ့အပြားမှာ မီးဟပ်ဒဏ်ရာတွေနဲ့ နှာခေါင်းနဲ့နံရိုးမှာလည်းမီးလောင်ဒဏ်ရာတွေဖြစ်နေကြောင်းသိရပါတယ်။ဒါ့အပြင် ဆရာဝန်တွေရဲ့ပြောစကားအရ ပြင်းထန်ဆိုးရွားတဲ့ရေဓာတ်ခန်းခြောက်မှုကိုခံစားနေရတယ်လို့လည်းဆိုပါတယ်။လောလောဆယ်မှာတော့ပူစီကို စောင့်ရှောက်ကုသပေးထားတဲ့ တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့အစည်းက မယုံနိုင်အောင်သစ္စာရှိလွန်းတဲ့ပူစီလေးနေကောင်းသွားတဲ့အခါ သူ့ကို မွေးစားသခင်အသစ်ရှာပေးဖို့အစီအစဉ်ရှိကြောင်းသိရပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations