သားကောင်းရတနာဆိုတာ…

လောကကြီးမှာ သားသမီးရတနာတွေမွေးရတယ်ဆိုတာလည်းမလွယ်ပါဘူး။ရတနာကနေ ရတာနာဖြစ်သွားဖို့က 80% လောက်ရှိနေမင့်ပဲကို။ အရဲစွန့်ပြီး ပိုးမွေးသလိုကျွေးမွေးစောင့်ရှောက်လာပြီးမှမိဘရင်ကိုခြေစုံကန်သွားတဲ့သားသမီးတွေကလည်းများမှများမဟုတ်လား။ ဒါပေမယ့် Ross Rothero-Bourge ဆိုသူ ဂီိတပညာရှင်လိုသားကောင်းရတနာမျိုးကတော့ ရှားမှရှားပဲလို့ဆိုရမှာပါ။ 

 

Ross Rothero-Bourge က အသက်သုံးဆယ်ရှိပါပြီိ။ အောင်မြင်တဲ့sound engineer တစ်ဦးဖြစ်ပြီိး သူ့ရဲ့အောင်မြင်တဲ့ဂုဏ်သတင်းကြောင့် အလုပ်ခန့်ချင်သူတွေဝိုင်းဝိုင်းလည်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ဒါပေမယ့်  Ross ဟာလည်း အခြားသူတွေလိုပဲ မွေးကတည်းကတော်လာခဲ့သူတစ်ဦးတော့မဟုတ်ပါဘူး။ သူ့ဘဝမှာ ပိုက်ဆံလေးအနည်းအကျဉ်းရဖို့ အနယ်နယ်အရပ်ရပ်ကိုလှည့်ပြီးဖျော်ဖြေခဲ့ရသူတစ်ဦးလည်းဖြစ်ခဲ့ဖူးပါတယ်။လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ်လောက်တုန်းက သူဟာဝမ်းရေးအတွက် နယ်လှည့်ပြီးဖျော်ဖြေခဲ့ရချိန်မှာ သူ့ရဲ့ Drum တွေ တီးဝိုင်းကိရိယာတန်ဆာပလာတွေကိုVan ကား မရှိလို့ ရိုးရိုးကားတစ်စီးရဲ့နောက်ကနေ Trail တစ်ခုနဲ့တင်ပြီိးလျှောက်သွားခဲ့ရဖူးပါတယ်။အဲဒီလိုပစ္စည်းတွေသယ်ဆောင်တာဟာဥပဒေနဲ့ငြိစွန်းတဲ့အပြင် ကားတွေပိတ်ကြပ်ညပ်နေတတ်တဲ့မြို့ကြီိးတွေမှာ အခြားသောကားမောင်းသူတွေရဲ့မျက်မုန်းကျိုးခြင်းခံရပြီးရန်တွေဖြစ်ရတာလည်းခဏခဏပါပဲလို့Ross က ဆိုပါတယ်။ 

အဲဒါနဲ့ သူ့ရဲ့အမေက သူမရဲ့ ကားအသစ်ကျပ်ချွတ်လေးကို အလဲအထပ်လုပ်၊အကြွေးတွေအတင်ခံပြီးသူ့သားလေးကို Van ကားတစ်စီးဝယ်ပေးခဲ့ပါတယ်။ကြပ်တည်းဆင်းရဲတဲ့ကြားကအကြွေးပါတင်ရတဲ့အတွက်သူ့အမေက ငိုကြွေးခဲ့ပါတယ်။အဲဒီငိုကြွေးမှုက Ross ရဲ့ရင်ထဲကို စိမ့်ဝင်ပြီးတစိမ့်စိမ့်ဝမ်းနည်းနေစေခဲ့တယ်လို့Ross က ဆိုပါတယ်။Ross က သူ့မှာ ပိုက်ဆံတွေရှိလာရင် သူအမေနှစ်သက်တဲ့ ကားလေးကိုအသစ်ပြန်ဝယ်ပေးမယ်လို့အကြိမ်ကြိမ်ဆုံးဖြတ်ချက်တွေချခဲ့ဖူးပါတယ်။နောက်ဆုံးတော့ အဲဒီဆုံးဖြတ်ချက်တွေမျှော်လင့်ချက်တွေကအမှန်တကယ်ဖြစ်လာခဲ့ပြီလို့ဆိုရပါမယ်။

မကြာသေးမီကပဲ Ross ဟာ လွန်ခဲ့တဲ့ဆယ့်နှစ်နှစ်က အမေဖြစ်သူဆုံးရှုံးလိုက်ရတဲ့ကားလေးနဲ့ ထပ်တူချွတ်စွပ်တူတဲ့ကားလေးတစ်စီးကို သူ့အမေကိုပြန်ဝယ်ပေးပြီး ကျေးဇူးဆပ်လိုက်ပါပြီ။အမေဖြစ်သူကတော့ ပျော်လွန်းလို့ မျက်ရည်များတောင်ကျနေလေရဲ့။

“ကျွန်တော်လုပ်တာအရမ်းကောင်းတာပဲ၊ကျွန်တော်ကအရမ်းသိတတ်တာပဲလို့လူတွေကပြောကြတယ်၊ဒါပေမယ့် ဒါက ကျွန်တော့အမေကျွန်တော့အတွက်လုပ်ပေးခဲ့တာရဲ့မြူမှုန်တောင်မရှိပါဘူးဗျာ”လို့Ross က Media တွေကိုပြောကြားခဲ့ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations