ချစ်ဖို့ကောင်းလိုက်တဲ့ကလေးလေး…

များသောအားဖြင့်တော့ ခွေးတွေဟာလူတွေလိုပဲအသိညဏ်ရှိကြပါတယ်။သူတို့မှာပြန်သာမပြောတတ်တာ သိစိတ်ကတော့ရှိကြတာပါပဲ။ အချို့ခွေးလေးတွေဆို လူတွေကတောင်ပြန်ပြီိးအားကိုးရတဲ့အထိလိမ်မာရေးခြားရှိကြတာလည်းမြင်ဖူးမှာပါ။အဓိကကတော့သေချာလေ့ကျင့်ပေးဖို့ပါပဲလေ။ Poncho ဆိုတဲ့ ခွေးလေးရဲ့လိမ်မာပုံကတော့ သြချရလောက်ပါပေရဲ့။ 

Poncho ဟာ ရဲဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။သူ့ကို လူ့အသက်ကယ်ဖို့နဲ့အပစ်အခတ်တွေကြားမှာနှလုံးခုပ်ရပ်သွားတဲ့ လူနာတွေရဲဝန်ထမ်းတွေကို ချက်ချင်းဆိုသလိုနှလုံးပြန်ခုန်လာအောင်ရှေးဦးသူနာပြုနည်းနဲ့ ရင်ဘတ်ပေါ်စည်းချက်ကျကျတက်ခုန်ပေးခြင်းအားဖြင့် နှလုံးပြန်ခုန်လာအောင်လုပ်ခြင်းအတတ်ကိုသင်ကြားပေးထားတာပါ။live performance တစ်ခုမှာ Poncho ဟာ အစွမ်းပြသခွင့်ရခဲ့ပါတယ်။ ရဲဝန်ထမ်းတစ်ဦးကလဲကျမေ့မြောဟန်ဆောင်လိုက်တဲ့အခါPoncho က တုံ့နှေးခြင်းမရှိပဲချက်ချင်းပြေးထွက်လာပြီး ရဲဝန်ထမ်းရဲ့ရင်ဘတ်ပေါ်ကိုစည်းချက်ကျကျတက်ခုန်ပြီးနှလုံးပြန်ခုန်အောင်ကူညီပေးတဲ့အပြင်နှလုံးပြန်ခုန်မခုန်ကို ရင်ဘတ်ကိုနားနဲ့ကပ်ပြီးနားထောင်လိုက်ပါသေးတယ်။နှလုံးမခုန်သေးရင်ဆက်ပြီး သူနာပြုအလုပ်လုပ်ပါတယ်။တစ်ဖန်ရင်ဘတ်ကိုနားလေးနဲ့ကပ်ပြီးနားထောင်ပါတယ်။နှလုံးပြန်ခုန်တာသေချာမှလွှတ်ပါတယ်။ Poncho လေးရဲ့တတ်သိလိမ်မာတဲ့အပြုအမူဟာ အင်တာနက်ပေါ်မှာတစ်မုဟုတ်ချင်းပျံ့နှံ့သွားတဲ့အခါPoncho လေးကိုချစ်သူတွေပေါများလာပြီး Poncho လေး အသက်ရှည်ပါစေ၊ကံကောင်းပါစေလို့မေတ္တာပို့ပေးသူတွေလည်းအများအပြားရှိလာပါတော့တယ်။

ရုတ်တရက်အရေးပေါ်အခြေအနေတွေမှာ နှလုံးခုန်ရပ်သွားသူတွေကိုPoncho လေးက အသက်ကိုပဓာနမထားပဲချက်ခြင်းပြေးလွှားကူညီဖို့ဝန်လေးမှာမဟုတ်ပေမယ့် တကယ်လို့ပေါ့လေ..Poncho လေး တစ်စုံတစ်ခုကြောင့် အသက်ရှုရပ်သွားခဲ့ရင်ရော ခွေးတစ်ကောင်ကိုဘယ်သူကများအသက်ကိုပဓာနမထားပဲအပြေးလာကူညီပါ့မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations